ylliX - Online Advertising Network

ကိုသန်းလွင် – နောင်တ တရားဆိုရာဝယ်

(မိုးမခ) အောက်တိုဘာ ၃၀ ၊ ၂၀၂၄ (၁) လူ့လောကကြီးတွင် နောင်တ တရားရှိသင့်၊ မရှိသင့်ဟူ၍ အယူအဆနှစ်မျိုးကွဲပြားလျက်ရှိပါသည်။ တစ် ဖက်က နောင်တ တရားရှိသင့်သည်၊ သို့မှသာ လွန်ခဲ့သော ကာလကအမှားမျိုးထပ်မံမမှားမိစေရန် ကာကွယ်နိုင် မည်။ အခြားတဖက်ကလည်း နောင်တ တရားဟူ၍လုံးဝမရှိသင့်၊ အတိတ်ကာလသည် ကုန်လွန်သွားပြီ၊ ရှေ့သို့ သာဆက်ရန်ရှိတော့သည်ဟူ၍ဖြစ်သည်။ စာပေလောကတွင်နောင်တတရားကို ထိမ်းချုပ်ရန်၊ စီမံခန့်ခွဲရန် အကြံ ပေးချက်များနှင့် ပြည့်နှက်လျက်ရှိပါသည်။ ကွန်ဂရက်၏ စာကြည့်တိုက်တွင် No regret ဟူသော ခေါင်းစဉ်ဖြင့် စာအုပ်အမျိုးပေါင်း ငါးဆယ်ထက်မနည်း ရှိသည်။ ပြောလိုသောသင်ခန်းစာမှာ သေချာပါသည်။ နောင်တတရားသည် မလိုအပ်ပါ။ ကိုယ့်ကိုကိုယ်အရှုံးပေးသလို ဖြစ်နေပါသည်။ နောက်ပြန်ကြည့်သောတရား ဖြစ်ပါသည်။ အနုတ်လက္ခဏာဆောင်သော အတွေးများကို ရှောင်ရှားရမည်ဟုလည်း ဆိုလိုပါသည်။ (၂) […]