ylliX - Online Advertising Network

ပြင်ဦးလွင် တပ်မိသားစုဝင်များကို စစ်ကောင်စီ ကြိုတင်စစ်ရှောင်ခိုင်း – သျှမ်းသံတော်ဆင့်

သျှမ်း-မန္တလေးနယ်စပ် ပြင်ဦးလွင်မြို့ရှိ တပ်မိသားစုဝင်များကို စစ်ကောင်စီက ကြိုတင်တိမ်းရှောင်ထားရန် ညွှန်ကြားထားကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ (၂၁) ရက်မှ စတင်ပြီး ပြင်ဦးလွင်မြို့နှင့် မိုင်(၂၀) ခန့်သာ ကွာဝေးသည့် နောင်ချိုမြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ မြေပြင်စစ်ရေး ပြင်းထန်နေခြင်းကြောင့် တိုက်ပွဲကူးစက်လာနိုင်သည့် ပြင်ဦးလွင်မြို့ရှိ တပ်မိသားစုဝင်များကို ကြိုတင်တိမ်းရှောင်ရန် စစ်ကောင်စီက ညွှန်ကြားထားကြောင်း စစ်တပ်အသိုင်းအဝိုင်းထံမှ သိရသည်။ “တပ်ထဲက သက်ကြီးနဲ့ ကလေးတွေကိုတော့ တခြားမြို့ ပြောင်းခိုင်းနေတယ်။ ဒီမှာ တာဝန်ကျတဲ့ စစ်သားမိန်းမ တချို့ဆရာမတွေ တောင်ကြီးဘက် ကျောင်းပြောင်းသွားတယ်။ အခု မိသားစုအကုန်လုံး အဲ့ဘက်လိုက်နေခိုင်းတယ်။ တချို့လည်း မန်းလေးတို့ အောက်ပြည်ဘက် နေရပ်ပြန်ကုန်တယ်”ဟု စစ်တပ်နှင့်နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ စစ်ကောင်စီသည် တပ်မိသားစုဝင်များကို […]

သီပေါမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိသော တပ်မိသားစုဝင် (၁၉၁) ဦးကို PSLF/TNLA ပြန်လွှတ်ပေး

RNA_အောက်တိုဘာ(၁၅)၊၂၀၂၄ ခုနှစ်။ ရှမ်းမြောက်၊ သီပေါမြို့သိမ်းတိုက်ပွဲအတွင်း သီပေါမြို့တွင် အခြေစိုက်တပ်စွဲထားသည့် စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း(၅၀၃) နှင့် (၅၀၄) စခန်းတို့အား တိုက်ခိုက်သိမ်းပိုက်စဥ် ဖမ်းဆီးရမိထားသည့် တပ်မိသာစုဝင် (၁၉၁) ဦးကို PSLF/TNLA မှ အောက်တိုဘာလ ၁၂ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။ သီပေါမြို့ပေါ်တွင် နောက်ဆုံးလက်ကျန် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း-ခလရ ၂၃ တပ်စခန်းအား အောက်တိုဘာလ ၁၂ ရက်နေ့တွင် တအာင်းတပ်မတော် PSLF/TNLA မှ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး သီပေါမြို့ကို အလုံးစုံထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။   သီပေါမြို့ရှိ စစ်ကောင်စီ၏ (၅၀၃)တပ်စခန်းအား တအာင်းတပ်မတော်မှ စက်တင်ဘာ ၂၆ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပြီး ထိုတပ်အတွင်းရှိ အိမ်ထောင်စု (၃၈) စုရှိ ကျား(၁၁)ဦး၊ မ (၄၈)ဦး၊ ကလေး […]