သျှမ်း-မန္တလေးနယ်စပ် ပြင်ဦးလွင်မြို့ရှိ တပ်မိသားစုဝင်များကို စစ်ကောင်စီက ကြိုတင်တိမ်းရှောင်ထားရန် ညွှန်ကြားထားကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ (၂၁) ရက်မှ စတင်ပြီး ပြင်ဦးလွင်မြို့နှင့် မိုင်(၂၀) ခန့်သာ ကွာဝေးသည့် နောင်ချိုမြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ မြေပြင်စစ်ရေး ပြင်းထန်နေခြင်းကြောင့် တိုက်ပွဲကူးစက်လာနိုင်သည့် ပြင်ဦးလွင်မြို့ရှိ တပ်မိသားစုဝင်များကို ကြိုတင်တိမ်းရှောင်ရန် စစ်ကောင်စီက ညွှန်ကြားထားကြောင်း စစ်တပ်အသိုင်းအဝိုင်းထံမှ သိရသည်။ “တပ်ထဲက သက်ကြီးနဲ့ ကလေးတွေကိုတော့ တခြားမြို့ ပြောင်းခိုင်းနေတယ်။ ဒီမှာ တာဝန်ကျတဲ့ စစ်သားမိန်းမ တချို့ဆရာမတွေ တောင်ကြီးဘက် ကျောင်းပြောင်းသွားတယ်။ အခု မိသားစုအကုန်လုံး အဲ့ဘက်လိုက်နေခိုင်းတယ်။ တချို့လည်း မန်းလေးတို့ အောက်ပြည်ဘက် နေရပ်ပြန်ကုန်တယ်”ဟု စစ်တပ်နှင့်နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ စစ်ကောင်စီသည် တပ်မိသားစုဝင်များကို […]