ylliX - Online Advertising Network

BPLA တပ်များ အညာတွင် အခြေချမည်ကို တော်လှန်ရေးအင်အားစုများကြိုဆိုပြီး စစ်ကောင်စီအတွက် ရိုက်ခတ်မှုများရှိလာမည် – Ayeyarwaddy Times

BPLA တပ်များ အညာတွင် အခြေချမည်ကို တော်လှန်ရေးအင်အားစုများကြိုဆိုပြီး စစ်ကောင်စီအတွက် ရိုက်ခတ်မှုများရှိလာမည် – Ayeyarwaddy Times Source link

ရှမ်းမြောက်၌ တိုက်ခိုက်ရေးခွင်နည်းသွားသဖြင့် BPLA တပ်များ အညာသို့ ရွှေ့မည်  – Myanmar Now

ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့်ပူးပေါင်းကာ အာဏာသိမ်းစစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) သည် နိုင်ငံအလယ်ပိုင်းဒေသသို့ အခြေချ၍ စစ်ရေးလှုပ်ရှားနိုင်ရန် ပြင်ဆင်နေကြောင်း သိရသည်။  အင်အားထောင်ဂဏန်းရှိသော BPLA သည် တပ်များကို အပြောင်းအရွှေ့ပြုလုပ်မည့်အပြင် တပ်သားသစ် ၆၀၀  ခေါ်ယူရန် စီစဉ်ထားရာ  ၄၀၀ ခန့်ကို ရရှိပြီဖြစ်သည်ဟု ဆိုသည်။  မြန်မာပြည်အလယ်ပိုင်းသို့ စစ်ရေးလှုပ်ရှားတော့မည့်အကြောင်း BPLAခေါင်းဆောင်ဖြစ်သူ မောင်ဆောင်းခက  Facebook တွင် ၁၀၂၇ စစ်ဆင်ရေးဖော်ဆောင်မှု တစ်နှစ်ပြည့်သည့် ယမန်နေ့က အသိပေးပြောကြားခဲ့ခြင်းဖြစ်သည်။  ယမန်နှစ်ကစတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး၌ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ စစ်တပ်ထိန်းချုပ်နယ်မြေများကို ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သော ကိုးကန့်တပ် (MNDAA) တအာင်းတပ်(TNLA)နှင့် အာရက္ခတပ်တော်(AA)တို့၏ ဦးဆောင်မှုအောက် ပါဝင်တိုက်ခိုက်ခဲ့သည့် တော်လှန်ရေးတပ်များထဲတွင် BPLAလည်း ပါဝင်သည်။  စစ်တပ် အာဏာသိမ်းပြီးနောက် […]