ကုလသမဂ္ဂ၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) လက်ဘနွန်နှင့် အစ္စရေးနိုင်ငံအကြား အပြာရောင်စည်း အနီးဝန်းကျင်ရှိ နေရာများမှ ထွက်ခွာကြရန် အစ္စရေး အာဏာပိုင်များက တိုက်တွန်းလျက်ရှိသော်လည်း ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များအနေဖြင့် လက်ဘနွန်ရှိ ၎င်းတို့၏ နေရာအားလုံးတွင် ဆက်ရှိနေမည်ဖြစ်ကြောင်း ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ အကြီးအကဲက ပြောကြားခဲ့သည်။”အပြာရောင်စည်းရဲ့ အနီးဝန်းကျင်က နေရာတွေကနေ ထွက်ခွာဖို့ အစ္စရေး ကာကွယ်ရေးတပ်က တိုက်တွန်းထားပေမဲ့လည်း လက်ဘနွန်နိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂ ယာယီတပ်ဖွဲ့ (UNIFIL) အနေနဲ့ မိမိတို့ရဲ့ နေရာအားလုံးမှာ လတ်တလော ဆက်ရှိနေဖို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟု လက်ဘနွန်နိုင်ငံ၏ အခြေအနေနှင့် စပ်လျဉ်း၍ ပြုလုပ်သည့် လုံခြုံရေးကောင်စီ အစည်းအဝေးအပြီးတွင် ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေး ဆောင်ရွက်မှုများဆိုင်ရာ under-secretary-general ဖြစ်သူ Jean-Pierre Lacroix […]