(စစ်ကောင်စီ လေကြောင်းပစ်ခတ်မှုကြောင့် တောင်ကုတ်မြို့ထဲနေအိမ် အများအပြား ပျက်စီး) ရခိုင်ပြည် တောင်ကုတ်မြို့သိမ်းတိုက်ပွဲကို အာရက္ခတပ်တော် AA က ဆင်နွှဲနေပြီး စကခ ၅ တပ်မနှင့် တပ်ရင်းနှစ်ခုက လွဲပြီး တောင်ကုတ်မြို့ထဲက စစ်ကောင်စီတပ်စခန်းများ၊ အမြောက်စခန်းများကို ထိန်းချုပ်လိုက်ပြီဟု စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ တောင်ကုတ်မြို့နှင့် စကခ ၅ တပ်မကို အဓိက ကာရံထားသော ပန်းမြောက်တောင် အမြောက်စခန်း၊ သဲခံတောင် အမြောက်စန်း၊ တက္ကသိုလ်မောင်းတံဂိတ်၊ တောင်ကုတ်တက္ကသိုလ် အမြောက်စခန်း၊ ဆီးကိုင်တောင် (နတ်မော်) တပ်စခန်း၊ အာလိန်ငါးဆင့်ကျောင်းတိုက် တပ်စခန်းနှင့် ဖုံညိုစစ်ရေးဂိတ်တို့ကို AA က နိုဝင်ဘာလ အစောပိုင်းတွင် ထိန်းချုပ်ပြီးနောက် တောင်ကုတ်မြို့ထဲသို့ ဝင်ရောက်ထိုးစစ်ဆင်ခဲ့သည်။ အဆိုပါ တပ်စခန်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ တောင်ကုတ်မြို့ထဲရှိ ကိုင်းရှည်တံတား ဂိတ်၊ စည်ပင်ရုံး၊ […]