မြန်မာပြည်တောင်ပိုင်း တနင်္သာရီတိုင်း ပုလောမြို့နယ် မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းမတွင် နယ်မြေစိုးမိုးနိုင်ရန် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေကြောင်း သိရသည်။ စစ်ကောင်စီတပ်သည် ပုလောမြို့နယ်တွင် ပြီးခဲ့သည့် အောက်တိုဘာလ ၁၄ ရက်နေ့မှ စတင်ကာ မြိတ်မြို့နှင့် ပုလောမြို့ကို ဆက်သွယ်ထားသည့်လမ်းတစ်လျှောက် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ “မြိတ် – ပုလောလမ်းပိုင်းက တော်လှန်ရေးအဖွဲ့တွေ စိုးမိုးထားတဲ့ ရွာတွေကို စစ်ကြောင်းထိုး နယ်မြေရှင်းလင်ရေးလုပ်ပါတယ်။ ပုလော – ပလောက်လမ်းပိုင်း ကားလမ်းရွာတွေနဲ့ လမ်းအောက်ဘက်ရွာတွေကိုလည်း နယ်မြေရှင်းစစ်ကြောင်းထိုးပါတယ်” ဟု ပုလောမြို့နယ်အခြေစိုက် တော်လှန်ရေးအင်အားစုနှင့် နီးစပ်သူ အမျိုးသားက ပြောသည်။ စစ်ကောင်စီတပ်သည် အင်အား ၁၀၀ ခန့်ဖြင့် ပလောက်မြို့မှ မြိတ်မြို့အထိ ၇၈ မိုင်ကျော်ရှည်လျားသော ပြည်ထောင်စုလမ်းအစိတ်အပိုင်းကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းခြင်းဖြစ်သည်ဟုလည်း အထက်ပါ အမျိုးသားက […]
တနင်္သာရီမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံနှစ်ဦးဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ နိုဝင်ဘာ ၄ ရက် နံနက် ၁၁နာရီမှ ၁၁နာရီခွဲအထိ ဘန်းပြည့်ရွာနှင့် ကိုးအင်းရွာတို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ အဆိုပါတိုက်လေယာဉ်ဖြင့် ကိုးအင်းရွာကို ဗုံးလေးလုံးကြဲချခဲ့သလို ဘန်းပြည့်ရွာကို ပေါင် ၂၅၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ယင်းသို့ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၃၀ အရွယ် ကိုးအင်းရွာသားတစ်ဦး၏ ခြောက်ထောက်နှင့် ဆယ်ကျော်သက် (၁၀နှစ်ကျော်) အရွယ် မိန်းကလေးတစ်ဦး ခြေမတွင် ဒဏ်ရာရကြောင်း ၎င်းက ဆိုသည်။ “ပထမ ဘန်းပြည့်မှာ ချတာ။ ပြီးတော့မှ ကိုးအင်း (ရွာ) မှာ ထပ်လာကြဲတာ။ ကိုးအင်းတံတားထိပ်နားက […]
မြန်မာပြည်တောင်ပိုင်း တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ခရီးသည် ၈၀ ကျော် တင်ဆောင်လာသည့် စက်လှေတစ်စင်း တိမ်းမှောက်ကာ သုံးလသား ကလေးအပါအဝင် ၁၁ ဦး သေဆုံးပြီး လူ ၆၀ ကျော်ပျောက်ဆုံးနေသည်ဟု ဒေသခံများနှင့် ကူညီ ကယ်ဆယ်ရေး အဖွဲ့များထံက သိရသည်။ ယမန်နေ့ (အောက်တိုဘာ ၂၀) ည ၉ နာရီခန့်က ကျောက္ကာရွာမှ မြိတ်မြို့သို့သွားသည့် ခရီးသည်တင် စက်လှေသည် ထိုရွာအနီး ပင်လယ်ပြင်တွင် တိမ်းမှောက်သွားပြီး ယနေ့ ( အောက်တိုဘာ ၂၁) နံနက်အထိ ရုပ်အလောင်း ၁၁ လောင်းရှာဖွေတွေ့ရှိထားသည်၊ ခရီးသည် ၆၀ ကျော် ပျောက်ဆုံးနေသည်ဟု ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသည့် ကျောက္ကာရွာဆရာတော် အရှင်သုန္ဒရက Myanmar Now ကို […]