မကွေးတိုင်း၊ ငဖဲမြို့နယ်က ချင်းလူမျိုးတွေနေထိုင်တဲ့ ဘုံးဘောကျေးရွာကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့နိုဝင်ဘာလ ၂၃ ရက်နေ့က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ဒေသခံ ၄၀၀ လောက် တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲဒီနေ့ မနက် ၁၁ နာရီခန့်မှာ ဘုံးဘောနဲ့ ကျွဲတလင်းကျေးရွာတွေအနီး အရှိုချင်းကာကွယ်ရေးတပ်(ACDF)မဟာမိတ်ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲဖြစ်ပွားပြီးနောက် အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ ဘုံးဘောကျေးရွာကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်မီးရှို့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “ရွာထဲမှာ မီးလောင်နေတာကို အဝေးကနေ မြင်ရတယ်။ တစ်နေကုန် ညဘက်အထိ မီးလောင်နေတုန်းပါ။ အိမ်တွေက တစ်အိမ်နဲ့ တစ်အိမ် ကပ်လျက်ဆိုတော့ မီးကူးဖို့ပိုလွယ်သွားတယ်။ ရွာသားတွေကလည်း အားလုံးထွက်ပြေးကြတော့ မီးငြိမ်းမယ့်လူလည်း မရှိဘူး” လို့ အသက် ၂၇ […]