Tata Group ၏ ပဲ့ကိုင်ရှင် ကမ္ဘာ့အထင်ကရ အိန္ဒိယသူဌေးကြီး ရာတန် တာတာ ကွယ်လွန်ချိန်တွင် ညီအကို မောင်နှမများကို အမွေအနည်းငယ်သာ ပေးခဲ့ပြီး သူ၏ အချစ်ရဆုံး ဂျာမန်သိုးထိန်းခွေးကလေး တီတိုးကို ဒေါ်လာ သန်းရာချီ အမွေပေးခဲ့ကြောင်း dailymail သတင်းတစ်ရပ်တွင် ဖော်ပြသည်။ သူဌေးကြီးတာတာ၏ သေတမ်းစာတွင် ရူပီး ကုဋေ ၁၀,၀၀၀ ကို အမွေခွဲဝေပေးခဲ့ရာ၌ ခွေးကလေး တီတိုးကို အများဆုံးပေးခဲ့ပြီး မိမိကွယ်လွန်ပြီးနောက်ပိုင်းတွင် တီတိုးကို အထူးစောင့်ရှောက်ပေးရန် မှာကြားသွားခဲ့သည်။ တာတာသည် Tata Group ကို ကမ္ဘာသိကုမ္ပဏီကြီးဖြစ်လာစေရန် ပြောင်းလဲပေးခဲ့သူဖြစ်ပြီး မွမ်ဘိုင်းမြို့တွင် ယခုနှစ်အတွင်း ကွယ်လွန်ခဲ့ရာ ကွယ်လွန်ချိန်တွင် အသက် ၈၆ နှစ်ရှိပြီ ဖြစ်သည်။ အိန္ဒိယ၏ ထုံးစံအတိုင်းဆိုလျှင် အိမ်ထောင်မရှိ၊ သားသမီးမရှိသူ […]
Skip to content ၂၀၀၆ ခုနှစ်မှာ ဂျပန်မှ အင်ဂျင်နီယာ Hiroshi Ishiguro ဟာ သူနဲ့ တူတဲ့ Geminoid Hl-1 စက်ရုပ်ကို တီထွင်ခဲ့တဲ့အတွက် တစ်ကမ္ဘာလုံး အံ့အားသင့်သွားကြပါတယ်။ အခုတော့ နှစ်ပေါင်း ၂၀ နီးပါးအကြာမှာ သူဟာ အရင်ကထက် ပိုအဆင့်မြင့်တဲ့ သူနဲ့ တူတဲ့ စက်ရုပ် ၆ မျိုးကို တီထွင်ထားပြီးပါပြီ။ နောက်ဆုံး မော်ဒယ်က Geminoid Hl-6 ဖြစ်ပြီး အိုဆာကာ တက္ကသိုလ်မှ Hiroshi Ishiguro Laboratories မှာ ပြသထားပါတယ်။ အဲဒီစက်ရုပ်ဟာ သူနဲ့ ခွဲမရအောင်တူပြီး တကယ့် လူ့ ဆံပင်၊ ဆီလီကွန် အရေပြားနဲ့ သဘာဝကျတဲ့ မျက်နှာအမူအယာတွေ ပါလာပါတယ်။ အစပိုင်းမှာ […]
Skip to content Elon Musk က “We,Robot” Event မှာ မမျှော်လင့်ထားတဲ့ ကားအသစ်နဲ့ ပွဲတက်လာသူတွေကို အံ့အားသင့်စေခဲ့ပါတယ်။ အဲဒါကတော့ ခရီးသည်တင် စက်ရုပ် ဗင်ကား ဖြစ်ပါတယ်။ Tesla Robovan လို့ အမည်ပေးထားပြီး သမားရိုးကျ ဗင်ကားတွေနဲ့ လုံးဝ ကွဲပြားပါတယ်။ ရထားဒီဇိုင်းနဲ့ ဆင်တူပြီး ဘီးတွေကို မမြင်ရအောင် ဖျောက်ထားပါတယ်။ Musk က အဲဒီကားဟာ လူ ၂၀ အထိ တင်ဆောင်နိုင်သလို ကုန်ပစ္စည်းတွေလည်း သယ်ယူနိုင်တယ်လို့ ပြောပါတယ်။ Musk က “ Robovan ဟာ လူများစွာ တင်ဆောင်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။ အားကစား အသင်းတွေကို သယ်ယူပို့ဆောင်ပေးနိုင်သလို ကုန်ကျစားရိတ် ချွေတာချင်တဲ့ ခရီးသွားတွေအတွက်လည်း […]