(မိုးမခ) နိုဝင်ဘာ ၁၊ ၂၀၂၄ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် စစ်ကောင်စီဥက္ကဋ္ဌနဲ့ တွေ့ဆုံခဲ့ ယခုလ ၂၉ ရက်နေ့က နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် ပဋိပက္ခ၊ လူသားချင်းစာနာမှုအကျပ်အတည်း နဲ့ပတ်သက်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဂျူလီဘစ်ရှော့က မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ အစီရင်ခံ ပြောကြားရာမှာ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး စစ်ကောင်စီ ခေါင်းဆောင်၊ NLD နဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီ ကိုယ်စားလှယ်အချို့နဲ့ တွေ့ဆုံခဲ့တဲ့အကြောင်းကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ယခုနှစ် ဧပြီလမှာ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်ခံရတဲ့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဖြစ်သူ Julie Bishop အနေနဲ့ ဒီတာဝန်ကို စတင်ဆောင်ရွက်ပြီး ၇ လ […]