ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ နိုဝင်ဘာ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အထိ သီရိလင်္ကာရွေးကောက်ပွဲ လက်ရှိသမ္မတရဲ့ ညွန့်ပေါင်းအဖွဲ့ အနိုင်ရ သီရိလင်္ကာနိုင်ငံမှာ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ သမ္မတ အနုရာ ကုမာရ (Anura Kumara Dissanayake) ရဲ့ ညွန့်ပေါင်းအဖွဲ့က လွှတ်တော်မှာ နေရာအများစု အနိုင်ရသွားပါတယ်။ အမျိုးသားပြည်သူ့အာဏာပါတီ NPP ညွန့်ပေါင်းအဖွဲ့က လွှတ်တော်မှာ ၃ ပုံ ၂ ပုံ အနိုင်ရထားတယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြောခဲ့တာပါ။ NPP ညွန့်ပေါင်းအဖွဲ့က လွှတ်တော်နေရာ ၂၂၅ နေရာမှာ ၁၅၉ နေရာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ရွေးကောက်ပွဲကတိအရ ဆင်းရဲမွဲတေမှုနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွေကို ဆောင်ရွက်မယ်လို့ ဆိုပါတယ်။ သီရိလင်္ကာနိုင်ငံဟာ ၂၀၂၂ ခုနှစ်မှာ နိုင်ငံခြားအကြွေးတွေ ပြန်မဆပ်နိုင်လို့ ဒေဝါလီခံခဲ့ရတဲ့အထိ အဆိုးဆုံး စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ လက်ရှိမှာလည်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ ချေးငွေ အစီအစဉ်နဲ့ လည်ပတ်နေတာ ဖြစ်ပါတယ်။ Ref: AP ……………………………….. အိန္ဒိယမှာ ဆေးရုံမီးလောင်လို့ မွေးကင်းစ ကလေးငယ် ၁၀ ဦးသေဆုံး အိန္ဒိယနိုင်ငံ ဥတာပရာဒရှ်ပြည်နယ်က ဆေးရုံတစ်ရုံက မွေးကင်းစ ကလေးငယ်တွေထားတဲ့အဆောင် မီးလောင်မှု ဖြစ်ပွားခဲ့လို့ ကလေး ၁၀ ဦး သေဆုံးခဲ့ပါတယ်။ နောက်ထပ် ကလေးငယ် ၁၆ ဦးလည်း ဒဏ်ရာရရှိခဲ့တာပါ။ ဆေးရုံထဲ မွေးကင်းစ ကလေးငယ် ၅၅ ဦးကို ကုသမှုပေးနေတဲ့ အဆောင်မှာ မီးချက်ချင်းလောင်ကျွမ်းမှု ဖြစ်ခဲ့တာပါ။ အဲဒီအထဲက ကလေးငယ် ၄၄ ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး ဆေးကုသမှု ပေးနေတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။ ဘာကြောင့် မီးလောင်မှု ဖြစ်တယ်ဆိုတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ ထိခိုက်ခဲ့တဲ့ မိသားစုဝင်တွေကို အစိုးရက ကူညီပေးသွားမယ်လို့ ကြေညာခဲ့ပြီး အမှုမှန်ပေါ်ပေါက်အောင် စုံစမ်းစစ်ဆေးသွားမယ်လို့ ဆိုပါတယ်။ Ref: BBC ……………………………….. လေထုညစ်ညမ်းလို့ နယူးဒေလီမှာ စာသင်ကျောင်းနဲ့ အလုပ်တွေပိတ် လေထုညစ်ညမ်းမှုကို ဆိုးဆိုးရွားရွား ရင်ဆိုင်နေရတဲ့ အိန္ဒိယနိုင်ငံမြို့တော် နယူဒေလီမြို့မှာနိုဝင်ဘာလ ၁၈ ရက်နေ့က စာသင်ကျောင်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ရပါတယ်။ လမ်းတစ်လျှောက်ကိုလည်း ထရပ်ကားတွေနဲ့ ဒီဇယ်အသုံးပြုယာဉ်တွေ ဝင်ရောက်ခွင့်ပိတ်ထားပါသေးတယ်။ မြို့တော်တဝိုက် မီးခိုးမြူတွေ ထူထပ်နေသလို မြို့ခံတွေအတွက် ကျန်းမာရေး ထိခိုက်နိုင်တဲ့အန္တရာယ်ရှိနေတယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ နာတာရှည်ရောဂါခံစားနေရသူတွေ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါအခံရှိသူတွေ အိမ်ထဲမှာပဲ နေဖို့ တိုက်တွန်းထားပါတယ်။ လေထုညစ်ညမ်းမှုအဆင့်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အကြံပြုထားတဲ့ ဘေးကင်းမှုအဆင့်ထက် အဆ ၅၀ လောက် ပိုဆိုးနေတယ်လို့ သတ်မှတ်ခံထားပါတယ်။ Ref: AP ……………………………….. အမေရိကန်က ဆင်းရဲတဲ့ နိုင်ငံတွေကို ကူညီရန် ဒေါ်လာ ၄ ဘီလီယံ ထည့်ဝင်မယ် အဆင်းရဲဆုံး တိုင်းပြည်တွေအတွက် ရန်ပုံငွေ ဒေါ်လာ ၄ ဘီလီယံကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ထည့်ဝင်မယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်က နိုဝင်ဘာလ ၁၈ ရက်နေ့က ပြောကြားလိုက်ပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (IDA) ကို လာမယ့် ၃ နှစ်အတွင်း ဒေါ်လာ ၄ဘီလီယံ ထည့်ဝင်ဖို့ ကတိပြုခဲ့တာပါ။ ဒါကို ဘရာဇီးနိုင်ငံမှာ ကျင်းပနေတဲ့ G 20 ထိပ်သီး အစည်းအဝေးမှာ ပြောသွားခဲ့တာ ဖြစ်ပါတယ်။ IDA က ကမ္ဘာ့ဘဏ်ရဲ့ အဖွဲ့ခွဲတစ်ခုပါ။ အဆင်းရဲဆုံးတိုင်းပြည်တွေရဲ့ ဥတုရာသီဆိုင်ရာ စီမံချက်တွေ အပါအဝင် အခြေခံအဆောက်အဦး တည်ဆောက်ရေး စီမံချက်တွေအတွက် အတိုးနှုန်းနည်းနည်းနဲ့ ငွေချေးပေးတဲ့အဖွဲ့အစည်း ဖြစ်ပါတယ်။ Ref: […]