ylliX - Online Advertising Network

ဆီးကျိတ်ကင်ဆာ အကြောင်း တစေ့တစောင်း

ဆီးကျိတ်ကင်ဆာဟာ အမျိုးသားတွေမှာ အဖြစ်အများဆုံး ရောဂါအခြေအနေတစ်ခု ဖြစ်ပါတယ်။ အရေပြားကင်ဆာပြီးရင် ဒုတိယမြောက် အမျိုးသားတွေမှာ အဖြစ်များတဲ့ ကင်ဆာတစ်မျိုးဟာ ဆီးကျိတ်ကင်ဆာ ပါပဲ။ ဆီးကျိတ်ကင်ဆာအကြောင်း မပြောခင် ဆီးကျိတ်ဆိုတာဘာလဲ အရင်ရှင်းပြ ပေးချင်ပါတယ်။ ဆီးကျိတ်ဆိုတာ အမျိုးသားတွေရဲ့ ဆီးအိမ်အောက်နားမှာရှိတဲ့ သစ်ကြားသီးအရွယ် ဂလင်းတစ်ခု ဖြစ်ပါတယ်။ ဆီးကျိတ်ဟာ အမျိုးသားတွေရဲ့ သုက်ရည်ထဲမှာ သုက်ပိုးတွေကို လျင်လျင်မြန်မြန် လှုပ်ရှားသွားလာနိုင်စေဖို့ အရည်တစ်မျိုးကို ထုတ်ပေးပါတယ်။ Photo : Burjeel Hospital ဆီးကျိတ်အတွင်းက ဆဲလ်တွေ တဖြည်းဖြည်း ကြီးထွားခြင်းက ဆီးကျိတ်ကင်ဆာကို ဖြစ်စေတာ ဖြစ်ပါတယ်။ ဆီးကျိတ်ကင်ဆာဟာ တဖြည်းဖြည်းချင်းပဲ ကြီးထွားလာတက်ပြီး အစောပိုင်းမှာ သိသာထင်ရှားတဲ့လက္ခဏာမျိုးပြလေ့ မရှိပါဘူး။ ဒါပေမယ့် အချို့အခြေအနေတွေမှာတော့ ရောဂါပြင်းထန်တက်ပြီး ကုသမှု မခံယူပါက ကင်ဆာဆဲလ်ပြန့်ပွားမှုနှုန်း အလွန်လျင်မြန်နိုင်ပါတယ်။ […]

သီအိုဇော် – အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးသစ်အကြောင်း တစေ့တစောင်း

သမ္မတဂျိုကိုဝီဒိုဒို အစိုးရအဖွဲ့မှာ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ Great Indonesia Movement Party (Gerindra) ပါတီခေါင်းဆောင် ပရာဘိုဝို ဆူဘီယန်တို (Prabowo Subianto)ဟာ ကမ္ဘာမှာ အစ္စ လာမ် ဘာသာဝင်ဦးရေ အများဆုံးဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ ရှစ်ကြိမ်မြောက် သမ္မတ ဖြစ်လာခဲ့ပါပြီ။ အဲဒီ နောက် ယခင်အစိုးရအဖွဲ့ထက် ပါဝင်သူ (၃)ဆကျော်ခန့်ရှိတဲ့ အဖွဲ့ဝင်အဆင့်ဆင့်ပေါင်း ၁၀၉ဦးပါ အင်ဒိုနီးရှားနိုင်ငံ သ မိုင်းရဲ့ အကြီးမားဆုံး အစိုးရအဖွဲ့လည်း ထွက်ပေါ်လာပါတယ်။ ‘ပရာဘိုဝို’ဟာ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း၊ အာဏာရှင် ဆူဟာတိုရဲ့ သမက်ဟောင်း၊ အထူးတပ်ဖွဲ့ (Kopassus)ကို ခေါင်းဆောင်ခဲ့သူ၊ သန်းကြွယ်သူဌေးတဦးဖြစ်ပြီး ဆူဟာတိုလက်ထက်က သူ့ရဲ့ ပတ်သက်လုပ်ဆောင်မှုတွေ ကြောင့် ‘ကလင်တန်၊ ဘုရှ်၊ အိုဘားမား’ အစိုးရ (၃)ဆက်လုံးက အမေရိကန်နိုင်ငံ […]