(မိုးမခ) နိုဝင်ဘာ ၂၅ ၊ ၂၀၂၄ ‘ရွာတကာ့ ဖင်၊ ဘုတလင်’ ‘ဝင်သာဝင်လေ မအိပ်လေနဲ့’ ‘အိပ်သာအိပ်လေ မမှိတ်စေနဲ့’။ ‘ဘုတလင်’မှ မောင်ဘဦးတယောက် ပြေးရပြန်ပါပြီ။ မပြေးလို့က မဖြစ်။ စခ,ရခ,ပခအဖွဲ့တို့ စစ်ကြောင်းထိုး ဝင်လာသောကြောင့် ဖြစ်သည်။ နမခ-ခွေးခြံမှ ထွက်လာသော စခ,ရခ,ပခများသည် လူမဟုတ်ကြ။ လူစိတ် မရှိကြ။ ကလေးသော လူကြီးသော၊ လူအိုသော ဂီလာနသော၊ ရဟန်းသော သာမဏေသော၊ နားမလည်။ ဘဇာကိုမျှ မရှောင်။ သတ်သည်။ ဖြတ်သည်။ လုယက်သည်။ မီးရှို့သည်။ မုဒိမ်းကျင့်သည်။ လူတံတိုင်း လုပ်သည်။ ပေါ်တာဆွဲသည်။ သဟာမျိုးတွေချည်း အကုန်လုပ်လေရာ၊ အဝတ်တထည် ကိုယ်တစ်ခု၊ အဆင်သင့် ပြုလုပ်ထားနှင့်သော၊ ရှိစုမဲ့စု တနိုင်တပိုင်အထုပ်လေးကို […]