XXVII ANOC General Assembly Cascais 2024 သို့ တက်ရောက်ရန်ပြည်ပထွက်ခွာ န်ကုန် ၊အောက်တိုဘာလ ၂၇ ရက်။ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ (၃၀)ရက်နေ့မှ နိုဝင်ဘာလ(၁)ရက်နေ့အထိ ပေါ်တူဂီနိုင်ငံ၊ Cascaisမြို့တွင်ကျင်းပပြုလုပ်မည့် (၂၇)ကြိမ်မြောက်အမျိုးသားအိုလံပစ်ကော်မတီအဖွဲ့အစည်း၏ အထွေထွေညီလာခံ ၂၀၂၄ (XXVII ANOC General Assembly Cascais 2024)သို့ တက်ရောက်ရန် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်မိုးသည် ယနေ့ညနေ (၁၇:၅၀)နာရီ အချိန်၌လေယာဉ်အမှတ် 8M-350 ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှထွက်ခွာရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှတာဝန်ရှိသူတို့က လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ကြောင်းသိရှိရသည်။ Source link
ဒုတိယဝန်ကြီး ဦးထိန်လင်း (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်များ၊ ဒုတိယအကြိမ်မြောက်အစည်းအဝေးသို့ တက်ရောက်ရန်ပြည်ပထွက်ခွာ ရန်ကုန်၊ အောက်တိုဘာလ ၂၄ ရက်။ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ (၂၅)ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ကျင်းပပြုလုပ်မည့် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး၊ အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်များ၊ ဒုတိယအကြိမ်မြောက်အစည်းအဝေးသို့ တက်ရောက်ရန် မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်တို့သည် ယနေ့နေ့လယ် (၁၂:၄၀)နာရီ အချိန်၌ လေလေဥ်အမှတ် 8M-333 ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းနှင့်တာဝန်ရှိသူတို့က လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်းသိရှိရသည်။ Source link
ဒုတိယအကြိမ်မြောက်ကာယကြံ့ခိုင်မှုနှင့် ကျန်းမာရေးမြှင့်တင်ရေးဆိုင်ရာ တရုတ်-အာဆီယံ အပြည်ပြည်ဆိုင်ရာညီလာခံသို့ တက်ရောက်ရန်ပြည်ပထွက်ခွာ ရန်ကုန် ၊ အောက်တိုဘာလ ၈ ရက်။ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၈)ရက်နေ့မှ (၁၂)ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှီအန်းမြို့တွင် ကျင်းပပြုလုပ်မည့်ဒုတိယအကြိမ်မြောက်ကာယကြံ့ခိုင်မှုနှင့် ကျန်းမာရေးမြှင့်တင်ရေးဆိုင်ရာ တရုတ်-အာဆီယံ အပြည်ပြည်ဆိုင်ရာညီလာခံ ( 2nd China – ASEAN International Conference on Physical Fitness and Health Promotion)သို့ တက်ရောက်ရန် အဖွဲ့ခေါင်းဆောင်အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းထက်မွန်နှင့်အတူ ကိုယ်စားလှယ်(၂)ဦးတို့သည် ယနေ့မွန်းလွဲ (၁၃:၁၀)နာရီ အချိန်၌ လေယာဉ်အမှတ် MU- 9642 ဖြင့်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက လိုက်လံပို့ဆောင်ခဲ့ကြကြောင်း သိရှိရသည်။ Source link