ဒုတိယအကြိမ်မြောက်ကာယကြံ့ခိုင်မှုနှင့် ကျန်းမာရေးမြှင့်တင်ရေးဆိုင်ရာ တရုတ်-အာဆီယံ အပြည်ပြည်ဆိုင်ရာညီလာခံသို့ တက်ရောက်ရန်ပြည်ပထွက်ခွာ
ရန်ကုန် ၊ အောက်တိုဘာလ ၈ ရက်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၈)ရက်နေ့မှ (၁၂)ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှီအန်းမြို့တွင် ကျင်းပပြုလုပ်မည့်ဒုတိယအကြိမ်မြောက်ကာယကြံ့ခိုင်မှုနှင့် ကျန်းမာရေးမြှင့်တင်ရေးဆိုင်ရာ တရုတ်-အာဆီယံ အပြည်ပြည်ဆိုင်ရာညီလာခံ ( 2nd China – ASEAN International Conference on Physical Fitness and Health Promotion)သို့ တက်ရောက်ရန် အဖွဲ့ခေါင်းဆောင်အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းထက်မွန်နှင့်အတူ ကိုယ်စားလှယ်(၂)ဦးတို့သည် ယနေ့မွန်းလွဲ (၁၃:၁၀)နာရီ အချိန်၌ လေယာဉ်အမှတ် MU- 9642 ဖြင့်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက လိုက်လံပို့ဆောင်ခဲ့ကြကြောင်း သိရှိရသည်။