ylliX - Online Advertising Network

တိုက်ဖွန်းထရမ်မီကြောင့် ဟိုင်နန်၌ လူ ၇ ဦး‌ေ-သဆုံးပြီးတစ်ဦးပျောက်ဆုံးနေ

Credit to Popular Journal – ဟိုက်ကု၊အောက်တိုဘာ ၃၀ တိုက်ဖွန်းထရမ်မီ ကြောင့် တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ကျွန်းပြည်နယ်တွင် လူခုနစ်ဦး‌ေ-သဆုံးကာ တစ်ဦးပျောက်ဆုံးနေခဲ့ကြောင်း ပြည်နယ်၏အရေးပေါ်စီမံခန့်ခွဲမှုဌာနအာဏာပိုင်များကပြောကြားခဲ့သည်။ ယခုနှစ်အတွက် အကြိမ် ၂၀ မြောက်တိုက်ခတ်သည့် တိုက်ဖွန်းထရမ်မီကြောင့် အောက်တိုဘာလ ၂၈ ရက်‌နေ့မှ စတင်ကာ ဟိုင်နန်၏ နေရာအများအပြား၌ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး လူပေါင်း ၄၀,၀၀၀ ကျော် သည် ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရသည်ဟုသိရသည်။ ထရမ်မီကြောင့် ဟိုင်နန်၌ ရေကြီးနိုင်ခြေ ရှိသဖြင့် ရေအရင်းအမြစ်စီမံခန့်ခွဲမှုဝန်ကြီးဌာနက နံပါတ် ၄ အဆင့်ရှိ အရေးပေါ်သတိပေးချက်လည်းထုတ်ပြန်ထားခဲ့သည်ဟုသိရသည်။ တိုက်ဖွန်းထရမ်မီကြောင့် ဟိုင်နန်ဒေသအများစု၌ မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး ရုတ်တရက်ရေကြီးနိုင်သဖြင့် ဝမ်ချွမ်မြစ်သည် သတိပေးချက်အဆင့်ထက်ကျော်လွန်၍ ရေလွှမ်းမိုးမှုများကြုံတွေ့လာရနိုင်သည်ဟုအာဏာပိုင်များက ပြောကြားခဲ့သည်။ ဝန်ကြီးဌာနအနေဖြင့် ရေကြီးရေလျှံမှု ကို တုန့်ပြန်ရေးအတွက် ရှေ့တန်းလုပ်ငန်းအဖွဲ့ကို စေလွှတ်ထားကာ အန္တရာယ်များသောဒေသများမှ […]