ylliX - Online Advertising Network

စခန်းပြန်ရရန် စစ်တပ် ကြိုးစားသဖြင့် ပြင်ဦးလွင်အနီး တိုက်ပွဲပြင်းထန် – Myanmar Now

စစ်ကျောင်းကြီးများ တည်ရှိရာ ပြင်ဦးလွင်မြို့နယ်နှင့် နီးကပ်နေသော   ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်အတွင်း ကျေးရွာ ၃ ရွာတွင်  တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်ဟု သိရသည်။  ပြင်ဦးလွင်မြို့၏အရှေ့ဘက်၊နောင်ချိုမြို့မြောက်ဘက် ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့သို့ သွားရာလမ်းရှိ တောင်ခမ်းကျေးရွာ၊ မန္တလေး-လားရှိုး လမ်းမကြီးပေါ်ရှိ သဲခေါ်ရွာနှင့် ဂန့်ကော်ကျေးရွာတို့ ဖြစ်သည်။ ယနေ့ (နိုဝင်ဘာ ၈ ရက်) နေ့လယ်ပိုင်းတွင် ဂန့်ကော်ကျေးရွာသို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသဖြင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ပါဝင်သည့်  ပူးပေါင်းတပ်များနှင့်  တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။ နှစ်ဘက် ထိခိုက်မှု အခြေအနေကို မသိရသေးပေ။ ထိုရွာရှိစစ်စခန်းကို အောက်တိုဘာ ၂၈ ရက်တွင် လက်လွှတ်လိုက်ရပြီးနောက် စစ်ကောင်စီတပ်က ပြန်လည် ရယူရန် ကြိုးပမ်းနေခြင်း  ဖြစ်သည်။  ဂန့်ကော်ရွာသည် စစ်တပ်မြို့ဖြစ်သည့် […]

သီပေါတွင် တိုက်ပွဲပြင်းထန် အရပ်သား ၃၀ ကျော်သေဆုံး – Myanmar Now

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့တွင် ဩဂုတ်လဆန်းမှစတင်သည့် တိုက်ပွဲများအတွင်း  လက်နက်ကြီး ပစ်ခတ်မှု၊   လေကြောင်း တိုက်ခိုက်မှုတို့ကြောင့် သေဆုံးသည့် အရပ်သား အရေအတွက် ၃၀ ကျော် လာပြီဟု သိရသည်။ သေဆုံးဒေသခံ ၃၇ ဦး၊   ဒဏ်ရာရသူ ၅၀ ကျော် ရှိသည်ဟု တအာင်း/ပလောင်တပ် (TNLA)၏ ထုတ်ပြန်ချက်၊  သီပေါအခြေစိုက် ပရဟိတ အဖွဲ့များ၏ မှတ်တမ်းများအရ သိရသည်။ အောက်တိုဘာ ၈ ရက် ည ၁၀ နာရီခန့်တွင် စစ်ကောင်စီတပ် Y-12 အမျိုးအစား တိုက်လေယာဉ်ဖြင့် သီပေါမြို့ပေါ်နှင့် မြို့အနီးရှိနမ့်ငုံးကျေးရွာသို့ ဗုံးအလုံးရေ ၅၀ကျော် ကြဲချတိုက်ခိုက်ခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်။ နမ့်ငုံးကျေးရွာ ဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲသည့် ဗုံးကြောင့် သီလရှင်တစ်ပါး […]