ရွှေနွယ် စစ်ကောင်စီဟာ ရှမ်းမြောက်က မိုင်းရယ်မှာ ထောင်နဲ့ချီတဲ့ စစ်အင်အားတွေကို ဖြည့်တင်းထားပြီး လက်ရှိမှာတော့ မိုင်းရယ်− လားရှိုး လမ်းပိုင်းကတဆင့် စွန့်လွှတ်ခဲ့ရတဲ့ လားရှိုးကို ပြန်လည်သိမ်းယူနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ လားရှိုးကနေ တပ်ပြန်ဆုတ်ဖို့ ငြင်းဆန်နေတဲ့ ကိုးကန့်တပ် MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်က အကျယ်ချုပ်ဖမ်းထားတယ်ဆိုတဲ့ သတင်းတွေကလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတာပါ။ တရုတ်နိုင်ငံရဲ့ဖိအားတွေနဲ့အတူ မြေပြင်မှာလည်း စစ်ကောင်စီတပ်ရဲ့ ထိုးစစ်တွေ၊ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ရှိလာနေတဲ့အခါ ကိုးကန့်တပ် MNDAA အနေနဲ့ မြို့ကနေ ဆုတ်ခွာပေးမှာလား၊ စစ်ဆိုင်ပြီး တိုက်ပွဲတွေ ပြန်ဖြစ်လာမှာပါလား။ အပြည့်အစုံကို ရွှေနွယ်က ပေးပို့တင်ဆက်ထားပါတယ်။ တည်းဖြတ်/တင်ဆက်- ရွှေနွယ် The post ၁၀၂၇ ဒုတိယလှိုင်းတိုက်ပွဲ တကျော့ပြန် ပြင်းထန်လာတော့မလား (ရုပ်သံ) appeared first […]
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတို့ကြား တကျော့ပြန် တိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ အားနည်းချက်ကို အပြည့်အဝ ရယူနိုင်ခဲ့ပြီး အချိန်တိုအတွင်းမှာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တယ်လို့ စစ်ဆင်ရေး တစ်နှစ်ပြည့် နိုဝင်ဘာ ၁၃ ရက်နေ့မှာ အာရက္ခတပ်တော် AA က ထုတ်ပြန်အသိပေးပါတယ်။ အာရက္ခဒေသတစ်ခုလုံး အာရက္ခပြည်သူ့လက်ထဲသို့ အမြန်ဆုံးရောက်ရှိစေဖို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၃ ရက်နေ့က ထိုးစစ်စတင်ခဲ့ပြီး ယမန်နေ့ တစ်နှစ်ပြည့်တဲ့နေ့အထိ တိုက်ပွဲ ရပ်နားခြင်းမရှိဘဲ စစ်ကောင်စီရဲ့ ကြည်း၊ ရေ၊ လေ ခုခံစစ်နဲ့ တန်ပြန်ထိုးစစ်တွေ ကြားကနေ ပလက်ဝဒေသ အပါအဝင် မြို့ပေါင်း ၁၂ မြို့ကို သိမ်းပိုက် ထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။ ဒီနှစ် ဇန်နဝါရီလမှာ […]