ylliX - Online Advertising Network

 ကချင်ဒေသတွင် တိုက်ပွဲဆက်နေ၊ မဟာမိတ်များနှင့် ဆက်လက်လက်တွဲမည်ဟု KIA ပြော – Myanmar Now

စစ်အာဏာရှင်ပြုတ်ကျရန် နွေဦးတော်လှန်ရေးတွင် ပါဝင်နေသည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းတိုက်ထုတ်သွားမည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ချုပ်(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက  ယနေ့ (အောက်တိုဘာ ၂၅) ကျရောက်သည့် အဖွဲ့ ထူထောင်ခြင်း ၆၄ နှစ်မြောက် နှစ်ပတ်လည်နေ့ မိန့်ခွန်းတွင် ထည့်သွင်းပြောသွားခြင်းဖြစ်သည်။ အာဏာသိမ်းစစ်တပ်ကို တော်လှန်ရန် ဖြစ်ပေါ်လာသည့် မြန်မာပြည်သူများ၏ နွေဦးတော်လှန်ရေးနှင့် တိုင်းရင်းသားလက်နက်ကိုင်များ ပူးပေါင်းပြီး အာဏာရှင်စနစ်ကို တွန်းလှန်ချေမှုန်းနိုင်မည့် အချိန်ကောင်းဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးအင်ဘန်လက ဆိုသည်။ “KIO အနေနဲ့လည်း မိမိတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်အတိုင်း တော်လှန်ရေးအင်အားစုတိုင်းနဲ့ လက်တွဲပြီး စစ်အာဏာရှင်စနစ်အမြတ်ပြတ်ဖို့ တော်လှန်သွားမှာပါ” ဟု ၎င်းက ဆိုသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်နေ့က တရုတ်အစိုးရ၏ အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းခေါင်းဆောင်သည့် ကိုယ်စားလှယ်များနှင့် KIO/KIA ထိပ်ပိုင်းခေါင်းဆောင်အချို့ တရုတ်နိုင်ငံ ယင်ကျန်းမြို့တွင် တွေ့ဆုံခဲ့သည်။ […]