တရုတ်နိုင်ငံ၊ ကူမင်းမြို့သို့ ရောက်ရှိနေသော စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို နှစ်နိုင်ငံ သဘောတူညီပြီးဖြစ်သည့် စီမံကိန်းလုပ်ငန်းများအမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက် ရန် တရုတ်ဘက်မှ တိုက်တွန်းခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအဖွဲ့ ဝင်လည်း ဖြစ်သလို ယူနန်ပြည်နယ်ပါတီ ကော်မတီ အတွင်းရေးမှူးလည်း ဖြစ်သည့် Mr. Wang Ning က ယမန်နေ့ (နိုဝင်ဘာ ၅) ညနေ ကူမင်းမြို့ Haigeng Hotel တွင် စစ်ခေါင်းဆောင်နှင့် တွေ့ဆုံစဉ် ယင်းကဲ့သို့ တိုက်တွန်းပြောဆိုခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် နှစ်နိုင်ငံကြား နယ်ပယ်အလိုက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားနိုင်ရန်နှင့် နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးများကိုလည်း အတူတကွပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေး ခဲ့သည်ဟု စစ်ကောင်စီ ထိန်းချုပ်သော နိုင်ငံပိုင်သတင်းဌာန MTRV တွင် ယနေ့ ဖော်ပြသည်။ စစ်ခေါင်းဆောင်က စီးပွားရေး […]
စစ်ရေးပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေး သွားရသည့် ရိုဟင်ဂျာဒုက္ခသည်များ လူသားချင်းစာနာထောက်ထားမှု အကူအညီ အရေးတကြီးလိုအပ်လျက်ရှိသည်ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က အောက်တိုဘာ ၂၄ ရက်က ထုတ်ပြန်သည်။ ရိုဟင်ဂျာ သိန်းပေါင်းများစွာသည် နေအိမ်များကို စွန့်ခွာခဲ့ရပြီး သောင်းနှင့်ချီသော ရိုဟင်ဂျာများ ကမူ နယ်စပ် ဖြတ်ကျော်လာကြသည် သို့မဟုတ် ဘင်္ဂလားဒေ့ရှ်တွင် ခိုလှုံရန်အတွက် နယ်စပ်ဖြတ်ကျော်ရန် စောင့်ဆိုင်းနေကြ သည်ဟု AI က ဆိုသည်။ “ဘင်္ဂလားဒေ့ရှ်ကို ကံကောင်းလို့ ထွက်ပြေးနိုင်တဲ့သူတွေကျတော့ စားစရာ၊ အိပ်စရာနဲ့ အဝတ်အစား တောင် အလုံအလောက်မရှိဘူး” Amnesty International- AI၏ အထွေထွေအတွင်းရေးမှူး Agnès Callamard က ပြောသည်။ လက်ရှိတွင် ဒုက္ခသည်စခန်းများသို့ ရောက်ရှိလာသော ရိုဟင်ဂျာများသည် ထိုနေရာရှိ ဆွေမျိုးများ၏ […]
ဘဂ္ဂဒက်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) ဒေသတွင်း ပဋိပက္ခများ ပိုမိုကျယ်ပြန့်လာမှုကို ကာကွယ်ရန် “ဂါဇာကမ်းမြောင်ဒေသနှင့် လက်ဘနွန်တို့အပေါ် အစ္စရေး ကျူးကျော်မှုကို တားမြစ်ရမည်” ဖြစ်သလို ချက်ချင်းအရေးယူလုပ်ဆောင်သင့်သည်ဟု အီရတ်နိုင်ငံ သမ္မတ Abdul Latif Rashid က အလည်အပတ်ရောက်ရှိနေသော အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi နှင့် တွေ့ဆုံစဉ် အလေးအနက် ပြောကြားခဲ့သည်။ Rashid ကလည်း အီရတ်နိုင်ငံ အနေဖြင့် “အိမ်နီးနားချင်းနိုင်ငံများအပေါ် ကျူးကျော်မှုပြုလုပ်ရန် ကြားခံနယ်ဖြစ်လာမည်ကို ငြင်းဆိုသည်” ဟု တွေ့ဆုံမှုတွင် ပြောကြားခဲ့ကြောင်း အီရတ်သမ္မတရုံးက အဆိုပါနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ပါလက်စတိုင်း-အစ္စရေး၊ လက်ဘနွန်-အစ္စရေး အသစ်တစ်ဖန် ဖြစ်ပွားသည့် ပဋိပက္ခများသည် ဒေသတွင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ခြိမ်းခြောက်လျက်ရှိရာ အခြေအနေ […]