သျှမ်းတောင်၊ ဓနုဒေသ၊ ရွာငံမြို့ပြင်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ယမန်နေ့ (နိုဝင်ဘာလ ၁၄ ရက်) မွန်းလွဲပိုင်းက တော်လှန်ရေးတပ် ဝင်ရောက်တိုက်ခိုက်ရာ မူးယစ်ရဲ ၆ ဦးနှင့် ရိုးရိုးရဲ ၁ ဦး သေဆုံးသွားကြောင်း သတင်းရင်းမြစ်က ပြောသည်။ မန္တလေး- ဟန်မြင့်မိုရ်- ရွာငံ- အောင်ပန်းမှ ရွှေညောင်-တောင်ကြီးသို့ သွားရာလမ်းရှိ ရွာငံ စစ်ကောင်စီ စစ်ဆေးရေးဂိတ်နှင့် ရဲကင်း တိုက်ခိုက်ခံရသဖြင့် တောင်ကြီး တန်ဆောင်တိုင်ပွဲသွားသည့် ရာနှင့်ချီသည့် ကားများ ပိတ်မိခဲ့ကြောင်း ကားသမား တစ်ဦးက ပြောသည်။ “ရွာငံမြို့ပြင် ဂိတ်မှာ ဖြစ်တော့ ကားတွေ ပိတ်နေတာ။ ကျနော်ကတော့ ကွင်းလမ်းက သွားလိုက်တယ်။ ပေါက်ကွဲသံတွေလည်း ကြားတယ်” ဟု ယမန်နေ့က အခြေအနေကို ကားသမား တစ်ဉီးက […]
မန္တလေးမြို့ပေါ်ရှိ စစ်ကောင်စီတပ် လုံခြုံရေး တင်းကျပ်ထားသည့် ကောင်စစ်ဝန်ရုံးချုပ် ဗုံးခွဲ တိုက် ခိုက်ခံရမှုတွင် ကျူးလွန်သူကို အမြန်ဆုံးဖော်ထုတ်အရေးယူပေးရန် တရုတ်အစိုးရက တိုက်တွန်းလိုက်သည်။ အောက်တိုဘာ ၁၈ ရက်နေ့ ညနေက ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်း၊ သိပ္ပံလမ်းနှင့် ငုရွှေဝါ လမ်းကြားရှိ ကောင်စစ်ဝန်ရုံး ပေါက်ကွဲမှုအတွင်း ဒဏ်ရာရသူမရှိသော်လည်း အဆောက်အဦတချို့ ထိခိုက်ခဲ့သည်ဟု ဆိုသည်။ ဖောက်ခွဲတိုက်ခိုက်မှုကို ပြင်းထန်စွာရှုတ်ချသည်၊ အလွန်တုန်လှုပ်မိသည်ဟု ယမန်နေ့ (အောက်တို ဘာ ၂၁) ဘေကျင်းမြို့ သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Mr. Lin Jian က ထည့်သွင်းပြောဆိုခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကို သေချာစုံစမ်းစစ်ဆေး၍ ကျူးလွန်သူများကို ပြင်းထန်စွာအပြစ်ပေးအရေးယူနိုင် ရေးနှင့် အစွမ်းကုန်ကြိုးစားဖမ်းဆီးပေးရန် မြန်မာနိုင်ငံဘက်သို့ လေးလေးနက်နက် တိုက်တွန်းထားသည် ဟု Mr. […]
တရုတ်သမ္မတ၊ တရုတ်နိုင်ငံနှင့် တရုတ်စီးပွားရေးလုပ်ငန်းများကို မီးရှို့၊ ဆန္ဒပြ၊ တိုက်ခိုက်မှု အမြဲကျူးလွန်နေသည့် NUG က မန္တလေး၊ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးကို တိုက်ခိုက်မှုကိုမူ မကျုးလွန်ဟု ယခုညဉ့်နက်ပိုင်းမှ Page များအားလုံးက ထုတ်ပြန် – Myanmar Transparency News Source link