ylliX - Online Advertising Network

တိုက်ပွဲပြင်းထန်နေသည့်အမ်းမြို့တွင် ဌာန၃ခုမှအရာရှိနှင့်ဝန်ထမ်းများထွက်ခွာခွင့် စစ်ကောင်စီပိတ် – BUR.MIZZIMA.COM

ပုံအညွှန်း-စစ်ကောင်စီခေါင်းဆောင်နှင့်ဌာနဆိုင်ရာများ စစ်တွေမြို့တွင် ၂၀၂၃ ခုနှစ်က တွေ့ဆုံစဉ် ဓါတု တိုက်ပွဲပြင်းထန်​နေသည့် အမ်းမြို့တွင် လူဝင်မှုကြီးကြပ်​ရေး(လဝက)နှင့်အထွေ​ထွေအုပ်ချုပ်​ရေးဌာနမှ အရာရှိနှင့်ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့အရာရှိနှင့်တပ်ဖွဲ့ဝင်များကို စစ်ကောင်စီက မြို့မှထွက်ခွင့်မ​​ပေး​​​ကြောင်းနီးစပ်သူများထံကသိရသည်။ တရား​ရေး၊စားသုံးသူ​ရေးရာ၊အခွန်ဦးစီးဌာန၊စာရင်းစစ်နှင့် ပညာရေးဌာနမှ အရာရှိများနှင့်ဝန်ထမ်းများကို ပြီးခဲ့သည့်အောက်တိုဘာလလယ်တွင် ထွက်ခွာခွင့်ပြုခဲ့သော်လည်း အထက်ပါ ဌာနသုံးခုမှ တာဝန်ရှိသူများကို နေရပ်ပြန်ခွင့်မပြုခြင်းဟု ဆိုသည်။ “သူတို့ကို ထွက်ခွင့်မ​ပေးတဲ့အပြင် ခွင့်တင်လည်းမရဘူး”ဟု အမ်းမြို့မှ ဌာနဆိုင်ရာနှင့်နီးစပ်သူတဦးကမဇ္စျိမကို​ပြောသည်။ ပြီးခဲ့သည့် ​အောက်တိုဘာလလယ်ပိုင်းကလည်း အဆိုပါဌာနများမှ အရာရှိတဦးနှင့်ဝန်ထမ်းအချို့သည် ​တောလမ်းမှ ထွက်​ပြေးတိမ်း​ရှောင်​ရန်ကြိုးပမ်းခဲ့​သော်လည်းတိုက်ပွဲပြင်းထန်မှု​ကြောင့် လှည့်ပြန်ခဲ့ရ​ကြောင်း ဌာနဆိုင်ရာဝန်ထမ်းအချို့၏ မိသားစုဝင်များထံမှသိရသည်။ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)တိုင်းမှူးနှင့်အ​ထွေ​ထွေအုပ်ချုပ်​​ရေးမှူးသည် လက်ရှိတွင်တပ်မိသားစုဝင်များ၊အ​ထွေ​ထွေအုပ်ချုပ်​ရေးမှူးနှင့်နီးစပ်သည့်​ဒေသခံများကို မြို့မှထွက်ခွာခွင့်​ပေးပြီး သာမာန်အရပ်သားများကိုထွက်ခွင့်မ​ပေး​​​ကြောင်း သတင်းရရှိသည်။ “​​ထွေအုပ်တို့နဲ့ နီးစပ်တဲ့ ပိုက်ဆံချမ်းသာတဲ့သူ​တွေကျထွက်ခွင့်ရတာကြာလှပြီ။ ထွေအုပ်ဆီခရီးသွားလာခွင့်တင်ထားတာကြာပြီ မကျ​သေးဘူး။ ​​မေ့​မေ့​ပျောက်​ပျောက်လိုပုံစံလုပ်ပြ​နေတာ။ ​အခုကျ AA ကလမ်းပိတ်ဆို့ထားလို့ မသွားခိုင်းတဲ့စကားမျိူး​ပြောလာတယ်”ဟုအမ်းမြို့သစ်​ဒေသခံတဦးကမဇ္စျိမကို​ပြောသည်။ လက်ရှိအမ်းမြို့​ပေါ်တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် […]