ylliX - Online Advertising Network

ကုန်ဈေးနှုန်းကြောင့် ညောင်ရွှေမြို့နယ်အတွင်း ဒေသရိုးရာစားသောက်ဆိုင်လုပ်ငန်းများရပ်နားထားရ – သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ နှင့် အင်းလေးဒေသအတွင်း ရေကြီးပြီးနောက် ကုန်စိမ်းပစ္စည်းဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် တပိုင်တနိုင်ရောင်းချလျက်ရှိသော ဒေသရိုးရာစားသောက်ဆိုင်လုပ်ငန်းများ ရပ်နားထားရကြောင်း စုံစမ်းသိရှိရသည်။ စက်တင်ဘာလ ပထမပတ်အတွင်း တိုက်ခတ်ခဲ့သော မုန်တိုင်းရာဂီ နောက်ဆက်တွဲများကြောင့် သျှမ်းပြည်တောင်ပိုင်းရှိမြို့နယ် အများအပြားရေဘေးသင့်ခဲ့ရပြီး စိုက်ပျိုးရေးလုပ်ငန်းများစွာထိခိုက်ခဲ့သည်။ ထို့နောက် ကုန်စိမ်းသီးနှံဈေးနှုန်းများ အဆမတန်မြင့်တက်လာကာ ၎င်းတို့ကို အားထားနေရသော ဒေသရိုးရာ တနိုင်တပိုင်စားသောက်ဆိုင်လုပ်ငန်းများမှာလည်း ပြန်လည်ရောင်းချရန် ကုန်ကြမ်းရှားပါးခြင်းနှင့် ဈေးနှုန်းကြီးမြင့်ခြင်းတို့ကြောင် ရပ်နားထားရကြောင်းသိရသည်။ “စားသောက်ဆိုင်လေးတွေ မထွက်နိုင်တာ တစ်လ ကျော်ပြီ၊ အစကတော့ ရေကြီးလို့ မထွက်နိုင်တာ၊ ခုက ကုန်စိမ်းဈေးက ပြန်ရောင်းလို့မကိုက်တော့အောင် ဈေးတက်သွားတာ၊ ကြက်သွန်ပင်တစ်စီး သုံးရာက တစ်စီးမှာ သုံးပင်ပဲပါတာ တစ်ပင်ကို ၁၀၀ ဖြစ်သွားတာ” ဟု ညောင်ရွှေမြို့ မင်္ဂလာဈေးအတွင်း ဈေးသည် အမျိုုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။ ရေကြီးမှုကြောင့် […]