ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာရှိ လပ်ကီးမဲန်းဟိုတယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၇ ရက်နေ့မှ အောက်တိုဘာ ၈ ရက်နေ့အထိ စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ကျည်ထိမှန်သေဆုံးနေသည့် ရုပ်အလောင်းများကို ရိုက်ကူးထားသည့် ရုပ်သံတစ်ခုထွက်ပေါ်ခဲ့ပြီးနောက် ယမန်နေ့က အဆိုပါနေရာတွင် ဦးခေါင်းခွံနှင့် အရိုးစုများအဖြစ် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ သေဆုံးခဲ့သူများမှာ မည်သူမည်ဝါဖြစ်သည်ကို The 74 Media က အတည်ပြုနိုင်ခြင်းမရှိသေးပါ။ Post navigation Source link
စစ်ကောင်စီတပ်က တစ်လကျော်ကြာဝင်ရောက်တပ်စွဲခဲ့သည့် ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာရှိ လပ်ကီးမဲန်းဟိုတယ်ကို KIA ပူးပေါင်းတပ်တို့ ယနေ့နံနက် ၆ နာရီခန့်က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ ဝင်ရောက်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်ကြီးအဆင့်ရှိသူနှင့် စနိုက်ဘာသမားလည်းပါဝင်ပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။ Post navigation Source link
ဖားကန့်မြို့နယ်၊ ဆိုင်တောင်ကျေးရွာအနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်က ယနေ့ ညနေ ၄ နာရီခွဲခန့်တွင် လေကြောင်းမှ ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ စစ်ရေးတင်းမာနေသည်မှာ ရက်ပေါင်း ၂၀ ခန့်ရှိပြီဖြစ်သော ဖားကန့်မြို့နယ်တွင် နေ့စဉ် လက်နက်ကြီးပစ်ခတ်သံများ ကြားနေရပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းမှ လာရောက်ပစ်ခတ်လေ့ရှိသည်။ Post navigation Source link