ylliX - Online Advertising Network

ဆလိုင်းဇုန် – ဖိုးသား

(မိုးမခ) နိုဝင်ဘာ ၅ ၊ ၂၀၂၄ ဖိုးသား ဆိုတာ နာမ်စားပါ အညာက ဦးအောင်ဇေယျမြေကို အခြေချတော့ ဖိုးသား ဆိုတဲ့အခေါ်နဲ့ ရင်းနှီးသိလာခဲ့တယ် ချစ်စနိုးနဲ့ သိပ်လှတဲ့ နာမလေးပေါ့ ဖိုးသားဟာ ကြီးလာတဲ့အထိ ဖိုးသားပါပဲ အဲဒီချိန်တုန်းက ခါးတောင်းကျိုက် ဝိုင်းခြင်းခတ်ကောင်းတုန်း ချောင်းထဲ မြောင်းထဲ ငါးနှိုက်ကောင်းတုန်း မန်ကျည်းပင်ပေါ်တက် ရွက်နု ခူးကြတုန်း အညာနွေရဲ့ တမာနံ့လေး သိပ်လွမ်းစရာပဲ အညာရဲ့နွေညနေဟာ လေနီကြမ်းတွေ တိုက်တတ်တယ် …. အညာဟာ ပူပူအိုက်အိုက်နဲ့ စပါးတွေ စိုက်နေခဲ့တယ် ….. ဖိုးသားဟာ အိမ်ရဲ့ အချစ်တော် နုနု ထွေးထွေးလေး  သူဟာ နို့ညှာလေးပေတဲ့  သူ့နာမည်က ဖိုးသားတဲ့ ခုချိန်ထိ ဖိုးသားပါပဲ ဖိုးသားဟာ ဆယ်တန်းရောက်ခဲ့ရဲ့လား သေချာမမှတ်မိခင် […]

ဆလိုင်းဇုန် – စိတ်ကြိုက်

(မိုးမခ) အောက်တိုဘာ ၂၅ ၊ ၂၀၂၄ နာဖျားနေတဲ့ ကစဉ့်ကလျားနေ့တွေမှာ ကောင်းကင်ကြီးဆိုတာ ဟာလာဟင်းလင်းကြီး ကိန်းဂဏန်း ရေတွက်မှုတွေနဲ့  ကြယ်တွေကို ပြသထား ဆူညံနေတဲ့ အတိတ်ဆီကနေ လက်မလည်နိုင်တဲ့ ဝေဒနာတွေအထိ လူးလာခေါက်ပြန် တချို့တံတိုင်းတွေဟာ ဖြိုဖျက်ဖို့မလွယ် မဟာလူမျိုးကြီးဝါဒီနဲ့ တွင်းထွက်ချဉ်ဖတ်တွေ ဒီပြဿနာ ရှင်းမယ်ဆိုမှ ဇာစ်မြစ်က ငါ မဟုတ်ခဲ့ သနားစဖွယ် လူ့သတ္တဝါဟာ လည်တိုင်မှာ ချည်တိုင်ကိုယ်စီနဲ့ ….. ဒီငရဲထဲ ဆီပူဒယ်အိုးတွေ မရှိဘူး ဝမ်းရေးပဲ ပူကြ ဒီငရဲထဲ တံစို့ထိုး ကင်ခံရတာ မရှိဘူး ဗုံးဆန်နဲ့ တစစီ ကင်ခံကြရ ဒီငရဲထဲ…. ဒီငရဲထဲ ….. ရှင်သန်ကြရ…… စိတ်ကြိုက် ….. ဆွဲဖြုတ်လိုက်တဲ့ သေနတ်မောင်းခလုတ်မှာ တရှိန်ထိုး ထွက်ပြေးသွားတဲ့ သရုပ်မှန်ဇာတ်လမ်းတွေများစွာ […]