(မိုးမခ) အောက်တိုဘာ ၈ ၊ ၂၀၂၄ စစ်တပ် သက်ဆိုးရှည်တာဟာ တရုတ်ကြောင့်ပါပဲ။ သူသာ ယူအန်မှာ ဗီတိုသုံး မကာကွယ်ခဲ့၊ ထောက်ပံ့ကူညီတာတွေ မလုပ်ခဲ့၊ စစ်အုပ်စုနဲ့ စီမံကိန်းတွေ မလုပ်ခဲ့ဘူးဆိုရင် ဒီစစ်အုပ်စု အာဏာလုတာတွေ ရပ်သွားတာ ကြာပါပြီ။ ဆရာကြီးတင်မိုး ဖွဲ့သလို စစ်အားမကောင်းလို့ ဂျစ်ကားတောင် မမောင်းနိုင်တာ ကြာရောပေါ့။ ခုတခါ အာဏာလုမှုမှာလဲ လက်နက်တွေ၊ တိုက်လေယာဉ်တွေ၊ လေယာဉ်ဆီတွေ နည်းပညာတွေ မပံ့ပိုးခဲ့ဘူးဆိုရင် ငုတ်ပျောက်တော့မယ့်အချိန် ရောက်ပါပြီ။ မြန်မာပြည်လဲ စစ်တပ်က ပေးတဲ့ ဘေးဒုက္ခဆိုးတွေ ခံစားနေစရာမရှိတော့သလို တရုတ်နဲ့လဲ ဆွေမျိုးပေါက်ဖော် ဖြစ်နေကြရောပေါ့။ ဘာလို့ ဒီလိုမျိုး တရုတ်က စစ်အုပ်စုဘက်သားလုံးလုံး ဖြစ်လာသလဲဆို တချိန်က တရုတ်ဟာ ဗမာပြည်ကွန်မြူနစ်ပါတီကို ပံ့ပိုးပြီး နေဝင်း စန်းယု […]