ylliX - Online Advertising Network

မူဆယ်မြို့ စစ်ကောင်စီထိန်းချုပ် ဆင်ဖြူနယ်စပ်ဂိတ်တွင် ကုန်သယ်ယူခွင့် ထပ်မံတင်းကြပ်ပြီး ပစ္စည်းဆွဲချ ဖမ်းဆီးနေ – သျှမ်းသံတော်ဆင့်

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့နယ်ရှိ စစ်ကောင်စီထိန်းချုပ်ထားနိုင်သည့် ဆင်ဖြူနယ်စပ်ဂိတ်တွင် ကုန်စည်စီးဆင်းမှုကို တပိုင်တနိုင်ခွင့်ပြုထားရာမှ ထပ်မံတင်းကြပ်ပြီး ပစ္စည်းဆွဲချ ဖမ်းဆီးနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာလ ၂၇ ရက်) နံနက်ပိုင်းမှ စတင်ပြီး မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ စစ်ကောင်စီထိန်းချုပ်ထားသည့် ဆင်ဖြူစစ်ဆေးရေးဂိတ်တွင် ကုန်ပစ္စည်း သယ်ယူခွင့်ကို ထပ်မံတင်းကြပ်လိုက်ပြီး သတ်မှတ်ချက်အတိုင်း သယ်ယူလာသည့် တပိုင်တနိုင် ကုန်ပစ္စည်းများကိုပါ အကောက်ခွန်နှင့် ကညန ပူးပေါင်းအဖွဲ့များက ဆွဲချသိမ်းယူထားကြောင်း မူဆယ်ဒေသခံများက ပြောသည်။ “ကြေညာချက် ထုတ်ပြန်ပေမဲ့ စစ်ကောင်စီဘက်က ဆိုင်ကယ်ပေါ်ကနေ အထုပ်တွေ ဆွဲချထားတုန်းပဲ ဒီမနက်တင်ဖြစ်တာ။ သူတို့ custom စည်းကမ်းအတိုင်း လုပ်တာတောင် ဖမ်းချင်တဲ့ သဘောပေါ့။ အခု ဆင်ဖြူဂိတ်ကနေလည်း ဆိုင်ကယ်ပေါ် တင်လာတဲ့ ပစ္စည်းအကုန် ဆွဲချပြီး ယူထားတယ် ပေးမသယ်ဘူး”ဟု ကျယ်ဂေါင်ဘက်မှ […]

တရုတ်-မြန်မာနယ်စပ် ဆင်ဖြူဂိတ်ကို တရုတ်ဘက် ပိတ်ပင်၊ တပိုင်တနိုင်သမားများ အခက်ကြုံ – သျှမ်းသံတော်ဆင့်

တရုတ်-မြန်မာနယ်စပ် ဆင်ဖြူဂိတ်ကို ယနေ့ (နိုဝင်ဘာလ ၁၁ ရက်)နေ့တွင် တရုတ်ဘက် စတင်ပိတ်ပင်လိုက်ပြီးသဖြင့် တပိုင်တနိုင် လုပ်ကိုင်နေသူများအခက်ကြုံနေကြောင်း သတင်းရရှိသည်။ လက်ရှိမှာ တရုတ်အာဏာပိုင်များက ကျယ်ဂေါင်-မန့်ဝိန်းတွင် တရားဝင်ကုန်စည်များကို သယ်ယူခွင့်ပြုပြီး ဆင်ဖြူဂိတ်တွင် တပိုင်တနိုင် ဖြင့် တရားမဝင် ကုန်စည်များကို သယ်ဆောင်ခွင့်မပြုတော့ကြောင်း (နိုဝင်ဘာလ ၉ရက်)နေ့တွင် ရွှေလီတရုတ်အာဏာပိုင်က ညွှန်ကြားထားသည်။ “အခုက ဆင်ဖြူဂိတ်ကို တရားဝင်ပိတ်လိုက်တယ်။ ပစ္စည်းတွေက အဲဂိတ်ကနေ သယ်ထုတ်ခွင့်မပြုဘူး ဒါမြန်မာဘက်က ခွင့်ပြုတယ်။ တရုတ်ဘက်က ကျယ်ဂေါင်-မန့်ဝိန်းဂိတ်မှာ သယ်ယူခွင့်ပြုတော့ဘူး။ တံခါးတော့ ပိတ်ထားတုန်းပဲ။ အထဲမှာ ဆိုင်ကယ်နဲ့ ထွက်ဖို့စောင့်နေတဲ့သူတွေ တော်တော်များတယ်” ဟု ၎င်းက ပြောသည်။ ယနေ့ တရုတ်ဘက်ခြမ်းအခြေအနေ ထို့အပြင် တရုတ်-မြန်မာနယ်စပ် ဂိတ်များ စစ်ကောင်စီ အပြည့်အဝ စီမံခန့်ခွဲခွင့်ရရေး ဆောင်ရွက်မည်ဟု […]