စစ်ကောင်စီခေါင်းဆောင်ရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းချက်ထွက်ပေါ်လာပြီး မကြာခင်မှာပဲ စစ်ဘေးဒဏ်ဆိုးရွားစွာခံ စားနေရတဲ့ ဒေသခံပြည်သူတွေကို ငှဲ့ညှာထောက်ထားတဲ့အနေနဲ့ စစ်ပွဲကိုအဆုံးသတ်ဖို့အတွက် စစ်ကောင်စီနဲ့ဆွေး နွေးဖို့အသင့်ရှိကြောင်း ပလောင်(တအာင်း)အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က နိုဝင်ဘာ ၂၅ ရက် မှာထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။ နိုဝင်ဘာ ၂၅ ရက်မှာ ကျရောက်တဲ့ ၁၀၄ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကိုပေးပို့တဲ့သဝဏ်လွှာမှာ စစ်ကောင်စီခေါင်းဆောင်က ယနေ့အချိန်ဟာ ထာဝရငြိမ်းချမ်းရေးတည်ဆောက်ရမယ့်အချိန်ဖြစ်တယ်လို့ဆိုခဲ့ပြီး တိုင်းရင်းသားအချင်းချင်းကြားမှာ နားလည်မှုလွဲမှားတာနဲ့ ပဋိပက္ခတွေလျှော့ချကာ တွေ့ဆုံဆွေးနွေးမှုနဲ့ ဖြေရှင်းနိုင်ကြောင်း ပြောခဲ့တာဖြစ်ပါတယ်။ The post TNLA တောင်းဆိုချက်ကို စစ်ကောင်စီ လိုက်လျောမှာလား (ဆောင်းပါး) appeared first on BUR.MIZZIMA.COM. Source link
တရုတ်နယ်စပ်နားက စတင်လိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာတနှစ်ပြည့်ပြီးဖြစ်ပေမယ့် စစ်ကောင်စီကတော့ သူတို့ ဆုံးရှုံးသွားတဲ့ မြို့တွေ နယ်မြေတွေ ဘာတခုမှပြန်မသိမ်းနိုင်ဘဲ လေကြောင်းကနေသာ အရပ်သား ပစ်မှတ်တွေကိုသာ ဗုံးကျဲဖျက်ဆီးတဲ့ အဆင့်ကတက်မလာတာတွေကို တွေ့ရပါတယ်။ လောလော လတ်လတ် အောက်တိုဘာ ၂၇ ရက်နေ့ ၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်နေ့မှာ မြောက်ပိုင်းမဟာမိတ်တွေ ထိန်းချုပ်ထားတဲ့ မြို့တွေကို တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ စစ်ကောင်စီ လေကြောင်းကနေ ဗုံးကျဲ တိုက်ခိုက် ခဲ့ပါတယ်။ ကိုးကန့်အထူး ဒေသရဲ့ မြို့တော်လောက်ကိုင်မြို့က စွမ်းဖုန်ချိန်ဧရိယာမှာ ဗုံးသုံးလုံးထက် မနည်းကျဲချခဲ့တာဖြစ်ပြီး ဟိုတယ်အဆောက်အအုံ အများအပြားပျက်စီးခဲ့ကာ အရပ်သားလေးဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ကိုးကန့် သတင်းတွေမှာ ဖော်ပြထားပါတယ်။အဲဒီလိုပဲ TNLA ထိန်းချုပ် ဒေသဖြစ်တဲ့ နမ့်ခမ်းမှာလည်း အရပ်သားတွေ နေထိုင်ရာနေရာတွေကို ဗုံးတွေကျဲတာတွေလုပ်ခဲ့ပါတယ်။ […]