နှစ်လကျော်ကြာ အပြင်းအထန်တိုက်ယူခဲ့ရပြီး လေကြောင်းမှ အကြိမ်ကြိမ် ဗုံးကြဲခံရသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ကို တအာင်းတပ် (TNLA) က ယမန်နေ့မွန်းလွဲတွင် အပြီးသတ် သိမ်းယူနိုင်လိုက်ပြီဖြစ်သည်။ မြို့မြောက်ဘက် ၁ မိုင်ခန့်အကွာရှိ အမှတ် ၂၃ ခြေလျင်တပ်ရင်း စခန်းကို ယမန်နေ့မွန်းလွဲပိုင်းတွင် ရရှိခဲ့သည်ဟု TNLA ၏ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက Myanmar Now ကို ယနေ့ ပြောသည်။ “မနေ့တုန်းက သီပေါမှာရှိတဲ့ လက်ကျန်တပ်စခန်း ခလရ(၂၃)ကို ကျွန်မတို့ နေ့လယ် ၁ နာရီမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိကတော့ သီပေါမြို့တစ်ခုလုံးကို ကျွန်မတို့ ထိန်းချုပ်ထားတာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။ ဩဂုတ် ၉ ရက်ကတည်းက သီပေါမြို့ကို TNLA ပူးပေါင်းတပ်များက ထိုးစစ်ဆင်ခဲ့ပြီး […]