ရုရှားကို မြောက်ကိုရီးယားတပ်ဖွဲ့တွေ စေလွှတ်တဲ့အပေါ် မှာ နိုင်ငံတကာ အထူးသဖြင့် အနောက်မဟာမိတ်တွေက စိုးရိမ်နေကြပါတယ်။ ဒီလို စေလွှတ်တဲ့အတွက် ယူကရိန်းစစ်ပွဲ ပိုမိုကျယ်ပြန့်လာနိုင်ပါသလား။ အနောက်မဟာမိတ်တွေနဲ့ တကွ တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်စတဲ့ အရှေ့ဖျားနိုင်ငံတွေရဲ့ တုံ့ပြန်မှုက ဘယ်လိုရှိပါသလဲ။ ဒီတပတ် အယ်ဒီတာနဲ့ ဆွေးနွေးပွဲ အစီအစဉ်မှာ ဦးကျော်ဇံသာကို မမြသဇင်အောင် မေးမြန်းဆွေးနွေးထားပါတယ်။ မမြသဇင်အောင် ။ ။ မင်္ဂလာပါ ဦးကျော်ဇံသာ။ ရုရှားက ယူကရိန်းကို တိုက်လာတာ သုံးနှစ်ကျော်လာပါပြီ။ အခုကြတော့မှ မြောက်ကိုရီးယားတပ်ဖွဲ့ဝင် တစ်သောင်းလောက်ကို ရုရှားမှာ သင်တန်းတွေပေးတယ်။ နောက် နယ်စပ်ကို တပ်ဖွဲ့ဝင်တွေကို နေရာချထားပေးတယ်။ အဲဒါ ဘာဖြစ်လို့ပါလဲ။ ရုရှားဘက်က အရေးနိမ့်လာတဲ့ အခြေအနေ ဖြစ်လာလို့ပါလား။ ဦးကျော်ဇံသာ ။ ။ မင်္ဂလာပါ […]
(မိုးမခ) နိုဝင်ဘာ ၈ ၊ ၂၀၂၄ ရုရှားနိုင်ငံ ကာဇမ်မှာ အောက်တိုဘာ (၂၂-၂၄)ရက်နေ့ထိ ကျင်းပခဲ့တဲ့ ဘရစ်ခ် (BRICS) ကို မူလ ဦးစီးခဲ့တဲ့ နိုင်ငံ ၅ နိုင်ငံ၊ မနှစ်က ထပ်တိုးထားတဲ့ ၄ နိုင်ငံနဲ့ အသင်းဝင်ဖို့ စိတ်ဝင်စားနေတဲ့ နိုင်ငံပေါင်း ၃၀ ကျော် တက်ရောက်ခဲ့ပါတယ်။ ပူတင်ကို အနောက်အရင်းရှင်နိုင်ငံများက ကြဉ်ထားဖို့ အမျိုးမျိုးကြိုစား ဖိအားတွေ ပေးနေတဲ့ကြားက ဒီအစည်းအဝေးကြီးကို အောင်အောင်မြင်မြင်လုပ်နိုင်ခဲ့တာပါ။ ဒီဘရစ်ခ်နိုင်ငံများဟာ ကမ္ဘာ့နယ်မြေရဲ့ ၃၀ ရာနှုန်း၊ ကမ္ဘာ့လူဦးရေရဲ့ ၄၅ ရာနှုန်း၊ ကမ္ဘာ့ကုန်သွယ်ရေးရဲ့ ၂၀ ရာနှုန်းကို ကိုယ်စားပြုပါတယ်။ ဒီအဖွဲ့မှာ ပါဝင်သူများဟာ ကမ္ဘာ့တောင်ပိုင်းနိုင်ငံများလို့ ခေါ်ဆိုကြတဲ့ ဖွံ့ဖြိုးဆဲနဲ့ ဖွံ့ဖြိုးမှုနိမ့်နိုင်ငံများ ဖြစ်ကြပြီး သူတို့မှာ […]