ဒုတိယဝန်ကြီး ဦးဇင်မင်းထက် နေပြည်တော်၊ လယ်ဝေးမြို့နယ်တွင် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာပေး သင်တန်းအမှတ်စဉ်(၁/၂၀၂၄) သင်တန်းဖွင့်ပွဲသို့ တက်ရောက်သည့်သတင်း Source link
စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာပေးသင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ အောက်တိုဘာ၂၉။ လယ်ဝေးခရိုင်အတွင်းရှိ မသန်စွမ်းလူငယ်များ ဂုဏ်သိက္ခာရှိရှိ အမှီအခိုကင်းစွာ ဘဝရပ်တည် နိုင်စေရေး၊ အသက်မွေးဝမ်းကျောင်းပညာရရှိစေရေး၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် ကိုယ်ပိုင်ဝင်ငွေ ရရှိနိုင်စေရေးတို့အတွက် ရည်ရွယ်၍ စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာပေးသင်တန်း အမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ လယ်ဝေးမြို့နယ် Training Center-2 ၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အဖွင့်အမှာ စကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် “ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိက စွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” ဦးတည်ချက်ကို ချမှတ်၍ မသန်စွမ်းလူငယ်များအပါအဝင် လူငယ်ထုတိုးတက်စေရေးအတွက် အလေးထား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်များ အသိပညာ၊ ဉာဏ်ပညာ၊ ကိုယ်ကျင့်တရား၊ ဗလငါးတန်နှင့်ပြည့်စုံပြီး […]