Skip to content Fujian Agriculture and Forestry University မှ တရုတ် သိပ္ပံပညာရှင်တွေက သစ်ရွက်တွေရဲ့ အငွေ့ထွက်တဲ့ ဖြစ်စဉ်ကို အသုံးပြုကာ လျှပ်စစ်စွမ်းအင် ထုတ်လုပ်တဲ့ နည်းလမ်းကို တီထွင်လိုက်ပါတယ်။ ပညာရှင်တွေက ကြာပန်းကို အသုံးပြုကာ Hydrovoltaic နည်းလမ်းကြောင့် သက်ရှိ သစ်ပင်တွေဟာ ရေရှည်တည်တန့်တဲ့ စွမ်းအင် အရင်းအမြစ် ဖြစ်နိုင်တယ်ဆိုတာ သရုပ်ပြသခဲ့ကြပါတယ်။ အဲဒီ နည်းပညာမှာ သစ်ပင်တွေထဲမှ ရေရွေ့လျားမှု သဘာဝ ဖြစ်စဉ်ကနေ စွမ်းအင်ကို ဖမ်းယူတာ ဖြစ်ပြီး တစ်ကမ္ဘာလုံးမှာ ဒီနည်းပညာကို အသုံးပြုရင် နှစ်စဉ် လျှပ်စစ်စွမ်းအင် 67.5 Terawatt-hours ကို ထုတ်လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ သစ်ပင်တွေရဲ့ အငွေ့ထွက်ခြင်းကနေ လျှပ်စစ်စွမ်းအင် ထုတ်လုပ်တဲ့ နည်းလမ်းဟာ […]
Skip to content တရုတ် သိပ္ပံပညာရှင်တွေက အင်္ဂါဂြိုလ်မှာ သုတေသန လုပ်ဖို့အတွက် ပေါ့ပါးပြီး ပြန်လည်အားဖြည့်နိုင်တဲ့ ဘက်ထရီကို တီထွင်လိုက်ပါတယ်။ အဲဒီဘက်ထရီဟာ အင်္ဂါဂြိုလ်ရဲ့ လေထု ကနေ လျှပ်စစ် စွမ်းအင် ထုတ်လုပ်နိုင်ပြီး ဂြိုလ်ရဲ့ ပြင်းထန်တဲ့ အပူချိန်ကို ခံနိုင်ပါတယ်။ တရုတ် သိပ္ပံနဲ့ နည်းပညာ တက္ကသိုလ်မှ သုတေသနပညာရှင်တွေက ဘက်ထရီဟာ အင်္ဂါဂြိုလ် လေထု ကနေ စွမ်းအင် တိုက်ရိုက် ထုတ်လုပ်နိုင်ပြီး အရန် အနေနဲ့ နေရောင်ခြည် ၊ နယူးကလီးယား စွမ်းအင်ကနေ လျှပ်စစ် စွမ်းအင် ထုတ်လုပ်နိုင်တယ်လို့ ပြောပါတယ်။ ပညာရှင်တွေက ဘက်ထရီဟာ ၁,၃၅၀ နာရီကျော် အသုံးခံပြီး အင်္ဂါဂြိုလ်မှာ ၂ လ နီးပါး အသုံးပြုနိုင်တယ်လို့ […]