ပုံအညွှန်း − ပဲခူးရိုးမအတွင်း စစ်ဘေးတိမ်းရှောင်နေကြရသည့် ကြို့ပင်ကောက်မြို့နယ်ရှိ ကျေးရွာများမှ စစ်ဘေးရှောင်များ။ ရွှေနွယ် မဇ္ဈိမ။ ။ ပဲခူးတိုင်းအနောက်ခြမ်း ၊ ကြို့ပင်ကောက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီစစ်ကြောင်းသည် အမျိုးသမီး ကိုးဦးအပါအဝင် ဒေသခံအရပ်သား ၂၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်းနှင့် အဆိုပါ စစ်ကြောင်းကြောင့် ကျေးရွာ ရှစ်ရွာထက်မနည်း စစ်ရှောင်နေကြရကြောင်း စစ်ရှောင်များနှင့် ဒေသတွင်း တော်လှန်ရေးအင်အားစုများက မဇ္ဈိမကိုပြောသည်။ အင်အား ၁၅၀ ကျော်ပါသည့် စစ်ကောင်စီ၏ စစ်ကြောင်းသည် အောက်တိုဘာ ၂၉ ရက်နေ့က ကြို့ပင်ကောက်မြို့ သင်္ခရိုင်ကျေးရွာသို့ ဝင်ရောက်ကာ၊ ရွာရှိ ပရဟိတမိဘမဲ့ကလေးကျောင်းသို့ ဝင်ရောက်အထိုင်ချခဲ့ကြောင်း အဆိုပါကျောင်းမှ ကျောင်းသားတဦးနှင့် သင်္ခရိုင်ရွာသားတဦးတို့က မဇ္ဈိမကိုပြောသည်။ “ရွာထဲကသူတွေ သူတို့ကိုတွေ့လို့ ထွက်ပြေးတဲ့သူတွေကို ဖမ်းသွားတယ်။ အယောက် ၂၀ ကျော်လောက်ပါသွားတယ်။ […]
ပုလောမြို့နယ်အတွင်းရှိ ပြည်ထောင်စုလမ်းတစ်လျှောက် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က သင်္ကန်းတောကျေးရွာသို့ရောက်လာပြီး အရပ်သားနှစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ သင်္ကန်းတောရွာနေ အသက်၃၀ ဝန်းကျင်အရွယ်အမျိုးသားနှင့် ကဒဲရွာနေ အသက် ၅၀ ဝန်းကျင်အရွယ် ဦးမြင့်လွင်ခေါ် ကိုကပ်ပကို အောက်တိုဘာလ ၂၆ ရက်နေ့က ပစ်သတ်သွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ သင်္ကန်းတောရွာနေ အမျိုးသားကို လမ်းတွင်တွေ့သဖြင့် ပစ်သတ်သွားခြင်းဖြစ်ပြီး ဦးမြင့်လွင်ကိုမူ သင်္ကန်းတောရွာရှိ ကွမ်းရွက်ခြံအတွင်း ပစ်သတ်သွားခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ဦးမြင့်လွင်မှာ စစ်ဘေးရှောင်နေရာမှ ရွာအတွင်းဝင်ကာ ကွမ်းရွက်သွားခူးချိန် စစ်ကောင်စီတပ်သားများနှင့်တွေ့ပြီး ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ အဆိုပါနေရာတွင် စစ်ကောင်စီတပ်စစ်ကြောင်းရှိနေသေးသည့်အတွက် လက်ရှိအချိန်အထိ အလောင်းသွားယူ၍မရသေးကြောင်း ပစ်သတ်ခံရသည့် ဦးမြင့်လွင်၏ မိသားစုဝင်တစ်ဦးက ဆိုသည်။ “အလောင်းက သင်္ကန်းတောရွာထဲက ကွမ်းခြံထဲမှာ။ စစ်သားတွေရှိနေလို့ […]