စက်တင်ဘာလမှစတင်ကာ နေပြည်တော်မှ ဌာနဆိုင်ရာ ဝန်ထမ်းများကို ရုရှားပြန် အသက် ၄၀ ကျော် စစ်အရာရှိများက ရုရှားဘာသာစကား သုံးလကြာ သင်တန်းပေးနေသည်ဟု သိရသည်။ ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာန၊ ဥပဒေရေးရာ ဝန်ကြီးဌာနတို့မှ အရာရှိများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်ဟု ဆိုသည်။ ၂ နာရီကြာသည့် သင်တန်းများကို တစ်ပတ်လျှင် ၅ ရက် တက်ရသည်၊ ဌာနတစ်ခုလျှင် လူဦးရေ ၅၀ ခန့် တက်ရောက်ရလေ့ရှိသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဝန်ထမ်းတစ်ဦးက ဆိုသည်။ “ပထမ ရုရှားစကားကိုစသင်တာ ဟိုတယ်နဲ့ခရီးသွား။ ပြီးတော့ ခု ဥပဒေရေးရာဝန်ကြီးဌာနကို ထပ်သင်တာ၊ အခြားဝန်ကြီးဌာနတွေလည်း ထပ်သင်ဖို့ ချိတ်နေတယ်” ဟု သူက ပြောသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း ရန်ကုန် […]