စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်၏ အကြမ်းဖက်၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဝင်ရောက်မှုလျော့ကျလာနေရာမှ ယခုနှစ်တွင် အဆိုးဝါးဆုံးကျဆင်းနေသည်။ စစ်ကောင်စီလက်အောက်ခံ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA) ၏ စာရင်းများအရ ယခုဘဏ္ဍာနှစ် ၂၀၂၄-၂၅ ဧပြီမှ အောက်တိုဘာအထိ ၇ လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၂၂၆ သန်းကျော်သာရှိသည်။ ထိုပမာဏသည် စစ်အာဏာသိမ်းပြီးနောက် ၄ နှစ်နီးပါးအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အနည်းဆုံးဖြစ်သည်။ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်(ဧပြီမှမတ်)တွင် ကန်ဒေါ်လာ ၆၆၁ သန်းကျော်၊ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၁၆၄၀ သန်းကျော်၊ ၂၀၂၁-၂၂ (အောက်တိုဘာမှ မတ်လအတွင်း) တွင် ကန်ဒေါ်လာ ၆၄၂ သန်း ကျော်အထိရှိခဲ့သည်။ အာဏာသိမ်းစစ်ကောင်စီလက်ထက် ဘဏ္ဍာနှစ်ပြောင်းလဲကျင့်သုံးသော မီနီဘတ်ဂျက်၂၀၂၁ အောက်တို ဘာမှ ၂၀၂၄ အောက်တိုဘာအထိ ၃ […]