(မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၂၄ အရေအတွက် ပိုများပြီး မကြာခဏ ကျူးလွန်လာတဲ့ စစ်ရာဇဝတ်မှုတွေ အင်္ဂလိပ်ဘာသာနဲ့ War Crime လို့ ခေါ်ဆိုတဲ့ စစ်ရာဇဝတ်မှုတွေက မြန်မာနိုင်ငံရဲ့ ၃ နှစ်ကျော်ဝန်းကျင်ရှိလာတဲ့ ပြည်တွင်းစစ်ကာလအတွင်း စစ်ဆင်ရေးတွေ လုပ်ဆောင်စဥ်နဲ့ လက်နက်ကိုင်တိုက်ပွဲတွေ အတွင်း ဖြစ်ပွားနေတဲ့ အနေအထားဖြစ်ပါတယ်။ စစ်ရာဇဝတ်မှုကို ဘယ်လို အဓိပ္ပာယ်ဖွင့်ဆိုထားသလဲ လေ့လာကြည့်တဲ့အခါ လက်နက်ကိုင်တပ်ဖွဲ့တွေက နိုင်ငံတကာ စစ်ပွဲနဲ့ပတ်သက်တဲ့ ဥပဒေ၊ လိုက်နာရမယ့် စည်းမျဥ်းတွေကို ချိုးဖောက်ပြီး အရပ်သားတွေကို သတ်ဖြတ်တာ၊ နှိပ်စက်ညှင်းဆဲတာ၊ အရပ်သားနေအိမ် အဆောက်အဦတွေကို မီးရှို့တာ ဖျက်ဆီးတာ၊ အဓမ္မပြုကျင့်တာ၊ စစ်သုံ့ပန်းတွေကို သတ်ဖြတ်တာ၊ နှိပ်စက်ညှင်းပန်းတာတွေကို စစ်ရာဇဝတ်မှုလို့ ဖွင့်ဆိုပါတယ်။ အခုလို ကျူးလွန်မှုတွေကို နိုင်ငံလို လက်နက်ကိုင်တပ်လို အစုအဖွဲ့ အနေထက် […]