ylliX - Online Advertising Network

စစ်တွေမှာ စက်ရုံစုရဲကင်းစခန်းကို အုတ်တံတိုင်းများဖြင့်ကာရံ – Western News

ရခိုင်ပြည် စစ်တွေမြို့တွင် စက်ရုံစုရပ်ကွက်ရှိ ရဲကင်းစခန်းကို ပြီးခဲ့သည့် သီတင်းပတ်ကစ၍ အုတ်တံတိုင်းများဖြင့် ကာရံနေပြီး စခန်းအတွင်း ကတုတ်ကျင်းများ ပတ်ပတ်လည်တူးဖော်ထားကြောင်း မြို့ခံများကပြောကြသည်။ စက်ရုံစုရပ်ကွက် ရဲကင်းစခန်း၏ အကာအရံမှာ အောက်ခြေအုတ်မြစ်ချ ပြီးစီးသည့် အနေအထားဖြစ်နေပြီဟု အမည်မဖော်လိုသည့် မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။ “ပြီးခဲ့တဲ့ အပတ်ကနေစပြီး သူတို့ တံတိုင်းလုပ်နေကြတာ။ စခန်းပတ်လည်ပဲ။ အခု အုတ်မြစ်ချပြီးစီးတဲ့ အနေအထားဖြစ်နေပြီ။ ဒါကတော့ သူတို့လုံခြုံရေးအတွက် လုပ်နေတာမျိုးပဲပေါ့” ဟု ဆိုသည်။ ရဲကင်းစခန်းမှာ စက်ရုံစုရပ်ကွက် မီးလောင်ပြင်ကွင်းတွင် တည်ရှိပြီး အဆိုပါကွင်းပြင်တွင် လူနေအိမ်များ ထောင်နှင့်ချီရှိသည်။ ရဲကင်းစခန်းအား အုတ်တံတိုင်းကာရံနိုင်ရန်အတွက် စခန်းနောက်ဘက်ရှိ လူနေအိမ် ၄၀ ကျော်ကို အတင်းအဓမ္မ ဖြိုဖျက်ဖယ်ရှားခဲ့ကြောင်း ရပ်ကွက်သူရပ်သွားများက ပြောသည်။ နေအိမ်ပါသွားသူတစ်ဦးက ” သူတို့ အုပ်ရံဖို့အတွက် […]

စစ်တွေမြို့ မင်းဂံရပ်ကွက်ကို စစ်ကောင်စီဝင်စီး၊ အမျိုးသမီးတွေအပါအဝင် မြို့ခံ ၂၅ ယောက်ကို ဖမ်းဆီးသွား

ရခိုင်ပြည် မြို့တော်စစ်တွေမှာ အမျိုးသမီးတွေ အပါအဝင် ဒေသခံ ၂၅ ယောက်ကို အောက်တိုဘာလ ၂၄ ရက်၊ ည ၇ နာရီခွဲခန့်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။   အင်အား ၁၀၀ ဝန်ုးကျင် ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ စစ်ကားတစ်စီး၊ ရဲအချုပ်ကားတစ်စီးတို့နဲ့ စစ်တွေမြို့ မင်းဂံရပ်ကွက်ထဲကို  ဝင်ရောက်လာခဲ့ပြီး ဒေသခံတွေကို ဖမ်းဆီးသွားတာဖြစ်တယ်လို့ စစ်တွေမြို့ မင်းဂံရပ်ကွက်နေသူ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။   “ဧည့်စာရင်း ဝင်စစ်တဲ့ ပုံစံ ဝင်စစ်တာ။ သန်းခေါင်စာရင်းနဲ့ မှတ်ပုံတင်တွေလည်း စစ်တယ်။ တချို့ကို ဖမ်းဆီးသွားတယ်။ မှတ်ပုံတင်မှာ စစ်တွေမဟုတ်တဲ့ သူတွေကို အဓိက ဖမ်းတာဖြစ်မယ်လို့ ထင်ပါတယ်”လို့ သူက ဆိုပါတယ်။   စစ်ကောင်စီတပ်ဟာ […]