ကိုးကန့်တပ် (MNDAA) သိမ်းပိုက်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်းမြို့တော် လားရှိုးမြို့ကို စစ်တပ်က ယနေ့ ( အောက်တိုဘာ ၂၃) တစ်မနက်အတွင်း လေကြောင်းမှ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မြို့ပေါ်ရှိ ရိုးရာ အရက်ချက်စက်ရုံကို ဗုံးထိမှန်ပြီး မီးလောင်ပျက်စီးခဲ့သည်ဟု သိရသည်။ နံနက် ၈ နာရီခွဲခန့်တွင် လေယာဉ်တစ်စီးက လားရှိုးမြို့အဝင်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရိုးရာ ဆန်အရက် ချက်စက်ရုံကို ဗုံးထိမှန်ခဲ့သည်ဟု MNDAA အဖွဲ့နှင့် နီးစပ်သူ လားရှိုးဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။ “မြို့အဝင် ရိုးရာဆန်အရက် စက်ရုံထိသွားပါတယ်၊ စက်ရုံက အရက်စက်ရုံဆိုတော့ (အပျက်အစီး) များပါတယ်၊ စက်ရုံအဆောက်အဦတွေ ပါသွားတာပေါ့” ဟု ၎င်းက ဆိုသည်။ အဆောက်အဦနေရာတချို့မှာ မီးလောင်နေသည့်အတွက် MNDAA ၏လားရှိုးမြို့အုပ်ချုပ်ရေးအဖွဲ့မှ မီးသတ်သမားများက မီးငြိမ်းသတ်ခဲ့သည်ဟု […]