ylliX - Online Advertising Network

စစ်ကိုင်းမှအရပ်သားတို့ကို စစ်ရေးအတွက် ခိုင်းစေရန် ဒုစစ်ခေါင်းဆောင်အမိန့်ပေး – Myanmar Now

စစ်ကိုင်းတိုင်းအထက်ပိုင်းမှ ပင်လည်ဘူးမြို့ကို တော်လှန်ရေးအင်အားစုထံ လက်လွှတ်ခဲ့ရပြီးနောက် ဒေသတွင်းမှအရပ်သားများကို အခြေခံစစ်သင်တန်းပေးပြီး စစ်တပ်အတွက် လုံခြုံရေးနှင့်သတင်းစုဆောင်းပေးသည့်တပ်ဖွဲ့ အမြန်ဖွဲ့ရန် ဒုစစ်ခေါင်းဆောင် ဗိုလ်ချုပ်စိုးဝင်းက အမိန့်ပေးလိုက်သည်။ ပင်လည်ဘူးကျသွားအပြီး သီတင်းတစ်ပတ်အကြာ အောက်တိုဘာ ၁၄ ရက်နေ့က ထိုစစ်ဆင်ရေးကို ကိုင်တွယ်သည့် မုံရွာအခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)သို့ ဒုစစ်ခေါင်းဆောင် အရေးပေါ်သွားရောက်ခဲ့ပြီး ယင်းအမိန့်ပေးခဲ့ခြင်းဖြစ်သည်။ “ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့” ဟုခေါင်းစဉ်တပ်ထားသည့် ထိုအဖွဲ့သည် အရပ်သားများကို အခြေခံစစ်သင်တန်းပေးပြီး တော်လှန်ရေးတပ်များ၏ လှုပ်ရှားမှုများကို စစ်တပ်ထံ သတင်းပို့ခြင်း၊ စစ်သားများအစား ကင်းစောင့်ခြင်း စသည့်လုပ်ငန်းများတွင် စေခိုင်းမည်ဟု စစ်တပ်က ကြေညာထားသည်။ အဆိုပါအရပ်သားများကို လက်နက်နှင့် လစာငွေ ပေး၊ မပေးကိုမူ စစ်ကောင်စီက တရားဝင်ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။ ပြည်သူ ပူးပေါင်းပါဝင်မှ လုံခြုံရေး ခိုင်မာအားကောင်းမည်ဖြစ်ပြီး ရပ်ကွက်၊ ကျေးရွာအလိုက် ပြည်သူ့လုံခြုံနှင့် […]