ဟိန္ဒူကျေးရွာတစ်ရွာကို ဇာတ်အိမ်တည်ရိုက်ကူးထားသည့် ရုပ်ရှင်ဇာတ်ကား အမည်နှင့်ပိုစတာသည် အိန္ဒိယနွယ်ဖွားများကို ချိုးနှိမ်ရာရောက်ကြောင်း ဝေဖန်သည့် ရန်ကုန်မြို့ခံ အမျိုးသားကို စစ်ကောင်စီက နိုင်ငံမတည်ငြိမ်အောင်လှုံ့ဆော်မှုစွဲချက်ဖြင့် ဖမ်းဆီးထားသည်။ ရန်ကုန်၊ လှိုင်မြို့နယ်နေ အသက် ၃၀ ကျော်အရွယ် ဟိန္ဒူအမျိုးသား ဦးရှိုင်းထက်အောင် ခေါ် ဗွီးထက်ကူးမားသည် “ဂျစ်ကားစီးဖူးသလား ဂျားကစ်စာဘူးသရီး” ဟု အမည်ပေးထားသည့် ရုပ်ရှင်ကားကို Facebook တွင် ဝေဖန် ရေးသားခဲ့ခြင်းဖြစ်သည်။ အာဏာသိမ်းထားသည့် ၄ နှစ်အတွင်း ဝေဖန်သူအများအပြားကို ဖမ်းဆီးထားသော်လည်း ဦးရှိုင်းထက်အောင်သည် ရုပ်ရှင်ဇာတ်ကားကို ဝေဖန်မှုဖြင့် ဖမ်းဆီးခံရသည့် ပထမဆုံးပုဂ္ဂိုလ်ဖြစ်သည်။ အောက်တိုဘာ ၂၇ တွင် စာအုပ်ဖတ် အသံသွင်းရန် မရမ်းကုန်းမြို့နယ် ခဝဲခြံမျက်မမြင်ကျောင်းတွင် သွားရာမှ မိသားစုနှင့်အဆက်အသွယ်ပြတ်သွားသည်။ စစ်ကောင်စီက အောက်တိုဘာ ၃၀ ရက်စွဲဖြင့် သတင်းထုတ်ပြန်ရာတွင် သူ့ကို လှိုင်မြို့နယ်ရဲစခန်းတွင် ဖမ်းဆီးအမှုဖွင့်ထားကြောင်း ဖော်ပြထားသည်။ ဦးရှိုင်းထက်အောင်ကို […]