ylliX - Online Advertising Network

ရှမ်းမြောက်တွင် စစ်ကောင်စီနှင့် TNLA တပ်တို့ အပြန်အလှန် ကုန်စည်ပိတ်ဆို့ – Myanmar Now

မြန်မာ-တရုတ်နယ်စပ်ဂိတ်များ ပိတ်ထားခြင်းကြောင့် ကုန်စည်ရှားပါးနေသည့် ရှမ်းမြောက်ဒေသတွင် စစ်ကောင်စီနှင့် တအာင်းတပ် (TNLA) တို့က နှစ်ဖက်တပ်ထိန်းချုပ်ထားရာဒေသများသို့ ကုန်စည်စီးဆင်းမှု ဖြတ်တောက်ရန် အပြန်အလှန်ပိတ်ဆို့ထားကြောင်း စုံစမ်းသိရှိရသည်။ စစ်ကောင်စီတပ် ထိန်းချုပ်ထားသည့် မူဆယ်မြို့နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားနယ်စပ်ဂိတ်တို့မှ မြန်မာဘက်သို့ တင်သွင်းမည့် သွင်းကုန်များကို ယခုနှစ် အောက်တိုဘာ ၂၂ ရက်တွင် တရုတ်အစိုးရက ကန့်သတ်ခဲ့ခြင်းကြောင့် တရုတ်ကုန်စည်များရှားပါးလာချိန် ဒေသတွင်းလှုပ်ရှားနေသော စစ်ကောင်စီတပ် နှင့် TNLA တို့က ထိုသို့ အပြန်အလှန်ပိတ်ဆို့မှု ဖြစ်ပေါ်လာသည်။ စစ်ကောင်စီသည် ပြင်ဦးလွင်မြို့မှ ရှမ်းမြောက်ဒေသသို့အထွက်လမ်းနှင့် ရှမ်းတောင်ပိုင်းမှ မြောက်ပိုင်းသို့ ကွေ့ပတ်ဝင်ရောက်နိုင်သည့် လမ်းပိုင်းကိုလည်း ပိတ်ဆို့ထားလိုက်သည်။ စစ်ကောင်စီတပ်၏ ပိတ်ပင်မှုများ ပြုလုပ်လာချိန် တအာင်းတပ်ကလည်း စစ်ကောင်စီ ထိန်းချုပ်သည့် မူဆယ်မြို့သို့ စက်သုံးဆီမဝင်ရန် တန်ပြန်ပိတ်ဆို့ထားခြင်း ဖြစ်သည်ဟု ဒေသခံများနှင့် […]

ဖယ်ခုံ၊ ပင်လောင်းတွင် စစ်ကောင်စီနှင့် PNOလမ်းပိတ်၊ ပြောင်းကုန်ရောင်းရန် ခက်ခဲ – သျှမ်းသံတော်ဆင့်

သျှမ်း-ကရင်နီပြည်နယ်စပ် သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့၊ ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO) ပူပေါင်းတပ်ဖွဲ့က လမ်းများပိတ်ပင်ထားသည့်အတွက် ဒေသခံများ စပါးရိတ်သိမ်းရန်နှင့် ပြောင်းကုန်ရောင်းရန် ခက်ခဲလာနေသည်ဟု စုံစမ်းသိရသည်။ ပင်လောင်းမြို့နယ် ဗန်းမောက်ကျေးရွာတွင် တိုက်ပွဲများကြောင့် ပြည်သူ ထွက်ပြေးတိမ်းရှောင်နေချိန် စစ်ကောင်စီ နှင့် PNO ပူပေါင်းတပ်ဖွဲ့က ဒေသခံများ၏ ချွေးနဲစာဖြင့် စိုက်ပျိုးထားသည့် စပါးခင်းများကို ရိတ်သိမ်းယူဆောင်သွားနေသည်ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဒီပင်လောင်းတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရွာတွေအများကြီးပဲ စပါးတွေစိုက်ပြီး ပြန်ရိတ်သိမ်းဖို့ ခက်ခဲနေတဲ့ကာလကို စစ်တပ်နဲ့ ပအိုဝ်းပြည်သူ့စစ်တွေက အခွင့်ကောင်းယူပြီး ရှိသမျှစပါးခြံတွေကို ရိတ်သိမ်းသွားကြတယ်။ ကျမတို့ ပြန်လာရမှာတောင် ကြောက်နေတယ်”ဟု ၎င်းက ပြောသည်။ ပင်လောင်းစစ်ရှောင်များပုံ ထို့ပြင် ကရင်နီပြည်အတွင်း တိုက်ပွဲကြောင့် ဖယ်ခုံမြို့နယ်သို့ စစ်ရှောင်လာသည့် ပြည်သူများသည် တပိုင်တနိုင် […]

ပုလဲမြို့တွင် စစ်ကောင်စီနှင့် ဗိုလ်နဂါးတပ်တို့ တိုက်ပွဲများဆက်လက်ပြင်းထန်နေ – Myanmar Now

ပြီးခဲ့သည့် တနင်္လာနေ့ကစတင်ခဲ့သည့်  ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) နှင့်မဟာမိတ်တို့၏ စစ်ကိုင်းတိုင်း၊ ပုလဲမြို့တိုက်ပွဲသည် သုံးရက်ကြာသည်အထိ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ကူ များသုံးကာ ပြန်လည်တိုက်ခိုက်နေသည်။ ချင်းတွင်းမြစ်တစ်ဖက်ကမ်း အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အခြေစိုက်ရာ မုံရွာမြို့နှင့် မိုင် ၃၀ ကျော် သာကွာဝေးသည့် ပုလဲမြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးရုံးနှင့် ရဲစခန်းကို ဗိုလ်နဂါး ဦးဆောင်သည့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) နှင့် ပူးပေါင်းအဖွဲ့များက နိုဝင်ဘာ ၁၁ ရက် နံနက်အစော ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ပုလဲမြို့သိမ်းနိုင်ရေး တိုက်ခိုက်နေသည့်အတွက် တိုက်ပွဲများ ပြင်းထန်နေရာ လေတပ်က နေ့စဉ် ပစ်ကူ နေပြီး ယနေ့ (နိုဝင်ဘာ ၁၃) တွင်လည်း ငါးကြိမ်ထက်မနည်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေကြောင်း တော်လှန်ရေးအဖွဲ့များထံမှ သိရသည်။  တိုက်ခိုက်ရေးရဟတ်ယာဉ်များသုံးကာ […]

မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဂိတ်များသည် စစ်ကောင်စီနှင့် တရုတ်အစိုးရ၏ စီမံခန့်ခွဲမှုအောက်တွင်သာရှိရမည်ဟု တရုတ်နိုင်ငံဝန်ကြီးချုပ် လီချန်းပြော – Ayeyarwaddy Times

မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဂိတ်များသည် စစ်ကောင်စီနှင့် တရုတ်အစိုးရ၏ စီမံခန့်ခွဲမှုအောက်တွင်သာရှိရမည်ဟု တရုတ်နိုင်ငံဝန်ကြီးချုပ် လီချန်းပြော – Ayeyarwaddy Times Source link

မိုးမောက်မြို့ပြန်သိမ်းနိုင်ရေး ကြိုးပမ်းနေသော စစ်ကောင်စီနှင့် KIA တို့ တိုက်ပွဲဖြစ်  – Myanmar Now

ကချင်လွတ်လပ်ရေးတပ်မတော် (KIA)  သိမ်းပိုက်ထားသည့် မိုးမောက်မြို့ ပြန်လည်သိမ်းယူရန် စစ်ကောင်စီက အနီးရှိ ဗန်းမော်မြို့အခြေစိုက်တပ် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာ၍ မြို့နှစ်မြို့အကြား တိုက်ပွဲများ ပြင်းထန်နေသည်။  ပြီးခဲ့သည့် သီတင်းပတ်မှစတင်၍ ဗန်းမော်မြို့အခြေစိုက် စစ်ကောင်စီတပ်က  သံချပ်ကာကားများ၊ လူအင်အား အများအပြားဖြင့် မိုးမောက်မြို့သို့ စစ်ကြောင်းထိုးလာရာ ဗန်းမော်မြို့အထွက်တွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။ ကချင်ပြည်နယ်တောင်ပိုင်း ဗန်းမော်မြို့၏အရှေ့ဘက် ၁၀ မိုင်ခန့်အကွာတွင် မိုးမောက်မြို့တည်ရှိပြီး မြစ်ကြီးနား -ဗန်းမော်ကားလမ်းအတိုင်း မော်တော်ကားဖြင့် သွားပါက နာရီဝက်ခန့်သာ မောင်းနှင်ရသည်။  မိုးမောက်မြို့သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် မိုင် ၆၀ နီးပါး နယ်နိမိတ်ချင်းထိစပ်နေပြီး လူဦးရေ တစ်သောင်း ခန့် နေထိုင်သည်။  မိုးမောက်မြို့အနောက်ဘက် ၂ မိုင်ခန့်အကွာတွင် ရှိသော စစ်ကောင်စီ၏ လက်ကျန်တပ် ခြေမြန်တပ်ရင်း […]

စစ်ကောင်စီနှင့် အိန္ဒိယတို့ ကန်ဒေါ်လာ ၂၅၀,၀၀၀ တန် စီမံချက်များအတွက် လက်မှတ်ရေးထိုး – BUR.MIZZIMA.COM

001 မဇ္ဈိမ။ ။ စစ်ကောင်စီနှင့် အိန္ဒိယနိုင်ငံအကြား အမေရိကန်ဒေါ်လာ ၂၅၀,၀၀၀ တန်ဖိုးရှိ စီမံချက်များ ဖော်ဆောင်ရန်အတွက် နားလည်မှုစာချွန်လွှာ ငါးစောင်ကို ယမန်နေ့ (အောက်တိုဘာလ ၁၄) က နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။ “မြန်ဆန်စွာ အကျိုးဖြစ်ထွန်းစေမည့် စီမံချက်များ (QIP)” အကူအညီပေးရေးဆိုင်ရာ သဘောတူစာချုပ်အရ ဆောင်ရွက်ခြင်းဖြစ်ပြီး အိန္ဒိယနိုင်ငံက စီမံချက်တခုလျှင် အမေရိကန်ဒေါ်လာ ၅၀,၀၀၀ တန်ဖိုး ခွင့်ပြုပေးခြင်းဖြစ်ကြောင်း ယနေ့ (အောက်တိုဘာလ ၁၅)ထုတ် စစ်ကောင်စီ၏ ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။ အဆိုပါ QIP စီမံချက်သည် ပြီးခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ်တွင် သမ္မတဦးဝင်းမြင့်၏ အိန္ဒိယနိုင်ငံချစ်ကြည်ရေးခရီးစဉ်အတွင်း လက်မှတ်ရေးထိုးနိုင်ခဲ့သည့် နားလည်မှုစာချွန်လွှာနှင့် သဘောတူညီချက် ၁၀ ခုထဲမှ တခုအပါအဝင်ဖြစ်ပြီး […]