ylliX - Online Advertising Network

ပုလောနှင့် ခမောက်ကြီးတွင် စစ်ကောင်စီတပ်က နေအိမ် ၁၅ လုံးကျော် မီးရှို့ဖျက်ဆီး – Dawei Watch

ပုလောမြို့နယ်နှင့် ကော့သောင်း၊ ခမောက်ကြီးမြို့နယ်တို့တွင် နိုဝင်ဘာလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ၃ ရက်အတွင်း နေအိမ်နှင့် ဥယျာဥ်ခြံတဲ ၁၅ လုံးကျော်ကို စစ်ကောင်စီတပ်က မီးရှို့ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများနှင့် ဒေသခံများထံကသိရသည်။ ပုလောမြို့နယ် နန်းတောင်အုပ်စု ကျောင်းနိမ့်ရွာတွင် နိုဝင်ဘာလ ၃ ရက်က ခလရ ၂၈၅ မှထွက်လာသည့် အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကောင်စီ စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ မိနစ် ၃၀ ခန့်ဖြစ်ခဲ့သည်ဟု မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၁ ပြန်ကြားရေး တာဝန်ရှိသူက ပြောသည် ။ ယင်းတိုက်ပွဲဖြစ်နေစဥ် စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာသည့် ကျောင်းနိမ့်ရွာ အဝင်မှ နေအိမ် ဆယ်လုံးကို စစ်ကောင်စီတပ်သားများ မီးရှို့ခဲ့ပြီး ရှစ်လုံး […]

မြို့နယ် ၄ ခုတွင် စစ်ကောင်စီတပ်ကို AA တိုက်စစ်ဆင်နေ – Myanmar Now

ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၄ ခုတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ် တော် (AA)တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်း ဒေသခံများထံက သိရသည်။ ထိုမြို့များမှာ ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောင်မြို့နယ်၊ ငပလီကမ်းခြေအနီး မြို့နယ်များဖြစ်သော  အမ်း၊ ဂွ၊ တောင်ကုတ်တို့ ဖြစ်ကြသည်။ ဂွနှင့်တောင်ကုတ်တိုက်ပွဲ   AA တပ်သည်   မြို့နှင့် မိုင် ၂၀ ခန့် အကွာကိုရောက်ရှိနေကာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်နေသည်၊ စစ်ကောင်စီတပ်၏ အားသာချက်မှာ လေကြောင်း၊ ရေကြောင်းတို့မှ လက်နက်ကြီးပစ်ကူပေးနေခြင်း ဖြစ်သည်ဟု သိရသည်။ စစ်ကောင်စီသည် ဂွမြို့နယ်၊ ကျိန္တလီမြို့အဝင်ကပင် AA ကို ခုခံလာသော်လည်း ကျိန္တလီမြို့ကို လက်လွှတ်လိုက်ရကာ ဂွနှင့် မိုင် ၂၀ ခန့်ဝေးသော တိုင်ကျိုးရွာအနီးသို့ တပ်ဆုတ်လိုက်ရပြီးနောက် AA က လိုက်လံတိုက်ခိုက်နေသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက […]

ဟားခါးတွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၂ ဦး ဒဏ်ရာရ – Ayeyarwaddy Times

ဟားခါးတွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၂ ဦး ဒဏ်ရာရ – Ayeyarwaddy Times Source link

ဆိုင်းတောင်ကို စစ်ကောင်စီတပ်က လေကြောင်းမှ ထပ်မံပစ်ခတ်တိုက်ခိုက် – THE 74 MEDIA

ဖားကန့်မြို့နယ်၊ ဆိုင်တောင်ကျေးရွာအနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်က ယနေ့ ညနေ ၄ နာရီခွဲခန့်တွင် လေကြောင်းမှ ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ စစ်ရေးတင်းမာနေသည်မှာ ရက်ပေါင်း ၂၀ ခန့်ရှိပြီဖြစ်သော ဖားကန့်မြို့နယ်တွင် နေ့စဉ် လက်နက်ကြီးပစ်ခတ်သံများ ကြားနေရပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းမှ လာရောက်ပစ်ခတ်လေ့ရှိသည်။ Post navigation Source link