ပုံအညွှန်း-စစ်ကောင်စီဂျက်လေယာဥ်များ(ဓါတ်ပုံ-AFP)။ ဓါတု မဇ္ဈိမ။ ။ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ရဲတပ်ဖွဲ့ရုံးနှင့် ကားပစ္စည်းအရောင်းဆိုင်များကို စစ်ကောင်စီက လေယာဥ်ဖြင့် ဗုံးကြဲရာ ရဲသတင်းပေးသူ၏ဇနီး သေဆုံးသွားပြီး အသက် ၈၀ အရွယ် အဘွားအိုအပါအဝင် အရပ်သား လေးဦးထက်မနည်း ထိခိုက်ဒဏ်ရာရှိကြောင်း သိရသည်။ ယနေ့ (နိုဝင်ဘာလ ၁၃ ရက်) ညနေတွင် ဗုံးကြဲခံရခြင်းဖြစ်ပြီး ဒဏ်ရာရ အရပ်သားများကို ဆေးရုံသို့ပို့ဆောင်ထားရပြီး ရဲသတင်းတပ်ဖွဲ့မှ ဦးဇော်ဇော်ထွန်း၏ ဇနီးဖြစ်သူ ကျောင်းဆရာမမှာ ဦးခေါင်းလက်နက်ကြီး ကျည်စထိမှန်၍ ဆေးရုံသို့ပို့ဆောင်ရာ ဆေးရုံရောက်ရှိပြီးနောက် သေဆုံးသွားကြောင်း အမ်းမြို့ဒေသခံတဦးက ပြောသည်။ “အမှတ်( ၃ )ရပ်ကွက်က အခုချိန် လူနေအထူထပ်ဆုံးနေရာဖြစ်တယ်။တိုက်ပွဲဖြစ်တာမရှိဘူး။ ဗုံးကြဲလိုက်တဲ့နေရာအနီးအနား လူနေအိမ်အစပ်တွေကို မေးကြည့်လိုက်တာတွေ ဂျက်ဖိုက်တာတွေကြဲပြီးတာနဲ့ အပေါ်ထောင်တက်သွားတယ်တဲ့။ ထိတဲ့အထဲအဘွားအိုရယ်၊ ကလေးတယောက်လည်းပါတယ်။ အဲ့ဒီနေရာကြဲပြီး ရဲတို့ […]