စစ်ကောင်စီ ဦးဆောင်ကျင်းပနေသည့် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေးသို့ စင်္ကာပူနိုင်ငံက တက်ရောက်ခြင်းမရှိဘဲ အချို့နိုင်ငံများသည်လည်း အဆင့်နိမ့်အရာရှိများသာ စေလွှတ်ခဲ့သည်ကို စစ်ကောင်စီ ထုတ်ပြန်ချက်များတွင် တွေ့ရသည်။ အောက်တိုဘာ ၁၀ မှ ၁၂ ရက်အထိ နေပြည်တော်တွင် ကျင်းပမည့် အစည်းအဝေးကို အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် ရန်ကုန်ရှိ စစ်သံမှူးများကို စေလွှတ်ခဲ့သည်။ ထိုင်းနိုင်ငံက ရေတပ်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ်၊ မလေးရှားနိုင်ငံက ရေတပ် နိုင်ငံတကာဆက်ဆံရေး ညွှန်ကြားရေးမှူးတို့ကို စေလွှတ်သည်။ အစည်းအဝေးတွင် ဦးစီးချုပ်အဆင့်အဖြစ် တက်ရောက်သူမှာ မြန်မာနိုင်ငံ ရေတပ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်းဝင်း ဖြစ်သည်။ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်တို့က ယာယီအကြီးအကဲ၊ ဒုတိယ အကြီးအကဲများ တက်ရောက်သည်။ ရေတပ်ဦးစီးချုပ်များအစည်းအဝေးသည် အာဆီယံနိုင်ငံများ ပုံမှန်လုပ်နေသည့် အစည်းအဝေးဖြစ်သော်လည်း ယခု […]