ylliX - Online Advertising Network

စိန်ခေါ်မှု များစွာရှိတဲ့ မြို့သိမ်းတိုက်ပွဲများ  – Kachin News Group (KNG)

နှစ်ပေါင်း ၆၀ နီးပါး ကွန်မြူနစ်စနစ် နှင့် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF အုပ်ချုပ်မှုစနစ် အောက် တလှည့်စီ နေထိုင်ခဲ့တဲ့ တရုတ်နယ်စပ် ပန်ဝါမြို့ကို KIA တပ် အောက်တိုဘာလ ၁၈ ရက်ညမှာ သိမ်းပိုက်ခဲ့ပါတယ်။ ပန်ဝါမြို့ကို အောက်တိုဘာလ ၁၈ ရက် ညနေ ၅ နာရီဝန်းကျင်ကနေ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ည ၁၀ နာရီဝန်းကျင်မှာ အပြီးသတ်သိမ်းပိုက်ခဲ့တာကြောင့် ၄ နာရီဝန်းကျင်သာ ကြာမြင့်ခဲ့တယ်လို့ ပန်ဝါဒေသခံတွေ ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ နှင့် အောက်တိုဘာလအတွင်း KIA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ ချီဖွေ၊ ဆော့လော်၊ ပန်ဝါဒေသအားလုံးဟာ မြစ်ကြီးနားမြို့ခရိုင်အထဲပါဝင်ပြီး မြို့တော်နဲ့ ၈၈ မိုင်အကွာမှာ တည်ရှိပါတယ်။ မြို့ ၃ မြို့စလုံးမှာ တရုတ်နိုင်ငံနဲ့အနီးဆုံး နယ်စပ်မြို့တွေဖြစ်ကြပြီး ကချင်မျိုးနွယ်စုဝင်တွေထဲက လော်ဝေါ်၊ လာချိဒ်၊ ငေါ့ချန်းမျိုးနွယ်စုဝင် အများဆုံးနေထိုင်တဲ့ ဒေသဖြစ်ပါတယ်။ ချီဖွေ–ပန်ဝါမြို့တွေကို အချိန်တိုအတွင်း တိုက်ခိုက်သိမ်းပိုက်ရရှိမှု မြန်ဆန်ပေမယ့် ဒီစစ်ဆင်ရေးတွေမှာ KIA ဘက်က စိန်ခေါ်မှု များစွာရှိနေပါတယ်။ လူမျိုးရေးအရ စိန်ခေါ်မှုရှိတဲ့ တိုက်ပွဲ ၁၉၆၅ ဝန်းကျင် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မှူးနေရာ တာဝန်ထမ်းဆောင်ခဲ့တဲ့ လချိဒ်မျိုးနွယ်စုဝင် ဦးဇခုန်တိန့်ယိန်းဟာ ၁၉၆၈ ခုနှစ်မှာ KIA သဘောထားချင်းမတိုက်ဆိုင်တော့တဲ့အတွက် ကွန်မြူနစ်ဝါဒကို လက်ခံကျင့်သုံးပြီး ကချင်အရှေ့မြောက်ဒေသ တရုတ်နယ်စပ် ပန်ဝါမြို့ကို ထူထောင်ပြီး ချီဖွေ၊ ဆော့လော် နဲ့ ဖီမော်နဲ့ ကံပိုင်တည်၊ဆဒုံး၊ ဖီမော်ဒေသတွေမှာ လှုပ်ရှားခဲ့ပါတယ်။ […]

စစ်ကောင်စီ၏ လေးကေ့ကော်အနီး စွယ်တော်ကုန်းကို သိမ်းပိုက်နိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

RNA_အောက်တိုဘာ(၁၇)၊၂၀၂၄ ခုနှစ်။ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ လေးကေ့ကော်မြို့သစ်အနီး စစ်​ကောင်စီ၏ စွယ်တော်ကုန်း (အမြောက်ကုန်း) ကို ယနေ့ (အောက်တိုဘာ ၁၇ ရက်) နံနက်ပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့များက သိမ်းပိုက်ရရှိခဲ့ရာ လက်နက်ခဲယမ်းများပါ သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။ Photo : Cobra Column Fundraising Team မြဝတီမြို့ တောင်ဘက်၊ လေးကေ့ကော်မြို့သစ်အနီး တခုတည်းကျန်ရှိနေသော စစ်ရေးအရ အရေးပါသည့် စစ်ကောင်စီ၏ ဗျူဟာကုန်းကို ရရှိထားပြီဖြစ်သည့်အတွက် လေးကေ့ကော်ကို ပြန်ရရှိခြင်း ဖြစ်သည်ဟု ပြောကြားနေကြသည်။ #RedNewsAgency #RNA Source link