“သုံးပတ်ဆက် ကျဆင်းတဲ့ စက်သုံးဆီဈေး” နိုဝင်ဘာ ပထမပတ်အတွင်း ဒီဇယ်ဈေးတွေ တက်ခဲ့တာရှိပေမဲ့ ကျန်နှစ်ပတ်လုံး ဆက်တိုက်ကျဆင်းပါတယ်။ အောက်တိန်းဆီဈေးနှုန်းတွေကတော့ သုံးပတ်ဆက်ကျဆင်းခဲ့တာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့အပတ်တုန်းက စက်သုံးဆီလုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာ ၃၅ သန်းရောင်းပေးမယ်လို့ ဆိုခဲ့သလို ဒီတစ်ပတ် နိုဝင်ဘာ ၂၁ ရက် ကြာသပတေးနေ့မှာလည်း သွင်းကုန်လုပ်ငန်းရှင်တွေကို ထိုင်းဘတ် သန်း ၅၀ ရောင်းချပေးမယ်လို့ စစ်ကောင်စီဗဟိုဘဏ်က ကြေညာခဲ့ပါတယ်။ အဲဒီနောက် အရင်ပတ်ကလို သောကြာနေ့မှာပဲ အောက်တိန်းဈေးနှုန်းတွေ တစ်လီတာကို ၅၀ နဲ့ ၅၅ ကျပ်စီ ထပ်မံကျဆင်းခဲ့ပြီး ဒီဇယ်ဈေးနှုန်းတွေကတော့ တစ်လီတာ ၄၅ ကျပ်နဲ့ ၅၅ ကျပ်စီ အသီးသီးကျဆင်းခဲ့တာတွေ့ရပါတယ်။ နိုဝင်ဘာ ၂၃ ရက်၊ စနေနေ့ […]
“အောက်တိန်း ကျပြီး ဒီဇယ် တက်တဲ့ စက်သုံးဆီ” ဒီတစ်ပတ်စက်သုံးဆီဈေးနှုန်းတွေကတော့ ထူးခြားတယ်လို့ ပြောရပါမယ်။ နှစ်ပတ်ဆက် ငြိမ်သက်နေခဲ့ရာကနေ အောက်တိန်းဈေးတွေ ကျပြီး ဒီဇယ်ဈေးတွေ မြင့်တက်ခဲ့တာ တွေ့ရပါတယ်။ စစ်ကောင်စီဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေကြေးဈေးကွက်(FX Trading Platform)ကနေ သွင်းကုန်လုပ်ငန်းရှင်တွေကို ပြီးခဲ့တဲ့အပတ်က တရုတ်ယွမ် ငါးသန်းနဲ့ ထိုင်းဘတ် ၂၅ သန်း ရောင်းချပေးခဲ့သလို ဒီတစ်ပတ် နိုဝင်ဘာ ၅ ရက်၊ အင်္ဂါနေ့မှာ တရုတ်ယွမ် ခုနစ်သန်းနဲ့ ထိုင်းဘတ် သန်း ၂၀ အထိရောင်းချပေးမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ ဒီဇယ်အမျိုးအစားတွေဖြစ်တဲ့ ရိုးရိုးဒီဇယ်တစ်လီတာကို ၇၅ ကျပ်နဲ့ အဆင့်မြင့်ဒီဇယ်တစ်လီတာကို ၈၅ ကျပ်အထိ မြင့်တက်ခဲ့ပါတယ်။ အောက်တိန်းအမျိုးအစားတွေဖြစ်တဲ့ အောက်တိန်း 92 တစ်လီတာကို […]
“ဈေးပြန်ကျတဲ့ စက်သုံးဆီ” ပြီးခဲ့တဲ့အပတ်တွေထဲ တောက်လျှောက်တက်ပြီး ငြိမ်သက်ခဲ့တဲ့ စက်သုံးဆီဈေးနှုန်းတွေဟာ ဒီတစ်ပတ်ထဲမှာ ပြန်လည်ကျဆင်းသွားတာတွေ့ရပါတယ်။ စက်သုံးဆီအမျိုးအစားအားလုံးဟာ အောက်တိုဘာ ၂၅ ရက် သောကြာနေ့မှာ ကျဆင်းခဲ့ကြပြီး ဒီဇယ်အမျိုးအစားတွေ ဈေးပိုကြခဲ့တာတွေ့ရပါတယ်။ အောက်တိန်း 92 တစ်လီတာကို ၂၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာကို ၁၅ ကျပ်၊ ဒီဇယ်တစ်လီတာကို ၇၅ ကျပ်နဲ့ အဆင့်မြင့်ဒီဇယ်တစ်လီတာကို ၈၀ ကျပ်အထိ ကျဆင်းခဲ့တာဖြစ်ပါတယ်။ စက်သုံးဆီအရောင်းအဝယ်တွေကတော့ ပုံမှန်အတိုင်းရှိနေပြီး နာရီနဲ့ချီ တန်းစီဝယ်ယူရတာမျိုး မရှိဘူးလို့ ရန်ကုန်မြို့ခံ အငှားယာဉ်မောင်းတွေဆီကနေ သိရပါတယ်။ ဒီတစ်ပတ် စနေနေ့ အပိတ်ဈေးနှုန်းတွေကတော့ အောက်တိန်း 92 တစ်လီတာ ၃၀၈၀ ကျပ်၊ အောက်တိန်း […]
“တက်ဈေးနဲ့ ငြိမ်နေတဲ့ စက်သုံးဆီ” ဒီတစ်ပတ် စက်သုံးဆီဈေးကွက်အတွင်း ပြီးခဲ့တဲ့အပတ်ကတည်းက တက်ထားတဲ့ ဈေးနှုန်းတွေအတိုင်း ငြိမ်နေတာတွေ့ရပါတယ်။ အရောင်းအဝယ်ပိုင်းမှာလည်း အရင်လို နာရီနဲ့ချီ ကြာအောင် တန်းစီဝယ်ယူရတာမျိုးမရှိပေမဲ့ ဆိုင်ကြီးတချို့မှာပဲ စက်သုံးဆီအမျိုးအစားအားလုံး ရပြီး ဆိုင်ငယ်အများစုမှာတော့ စက်သုံးဆီ မရတစ်ချက်၊ ရတစ်ချက် ဖြစ်ပေါ်နေဆဲဖြစ်ပါတယ်။ ဒါကြောင့် တချို့ဆိုင်တွေ အချိန်ပိုင်းပဲ ဖွင့်လှစ်နေရသလို တချို့လည်း ပိတ်ထားရတာမျိုးတွေရှိနေတယ်လို့ ယာဉ်မောင်းတွေဆီကနေ သိရပါတယ်။ စစ်ကောင်စီဗဟိုဘဏ်ဘက်ကလည်း ဒီတစ်ပတ်ထဲ သီတင်းကျွတ်ရုံးပိတ်ရက်တွေကြောင့် အရင်ပတ်တွေတုန်းကလို စက်သုံးဆီတင်သွင်းရာမှာအဓိကသုံးစွဲတဲ့ အမေရိကန်ဒေါ်လာ ၆ သန်းကျော်ပဲ ဈေးကွက်ထဲ ရောင်းပေးခဲ့ပြီး တရုတ်ယွမ်တော့ လုံးဝမရောင်းပေးခဲ့ပါဘူး။ ဒီတစ်ပတ် ရန်ကုန်မြို့က စက်သုံးဆီဆိုင်တွေက ဈေးနှုန်းတွေကတော့ အောက်တိန်း 92 တစ်လီတာ ၃၁၀၀ […]