ရခိုင်ပြည် စစ်တွေမြို့တွင် စက်ရုံစုရပ်ကွက်ရှိ ရဲကင်းစခန်းကို ပြီးခဲ့သည့် သီတင်းပတ်ကစ၍ အုတ်တံတိုင်းများဖြင့် ကာရံနေပြီး စခန်းအတွင်း ကတုတ်ကျင်းများ ပတ်ပတ်လည်တူးဖော်ထားကြောင်း မြို့ခံများကပြောကြသည်။ စက်ရုံစုရပ်ကွက် ရဲကင်းစခန်း၏ အကာအရံမှာ အောက်ခြေအုတ်မြစ်ချ ပြီးစီးသည့် အနေအထားဖြစ်နေပြီဟု အမည်မဖော်လိုသည့် မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။ “ပြီးခဲ့တဲ့ အပတ်ကနေစပြီး သူတို့ တံတိုင်းလုပ်နေကြတာ။ စခန်းပတ်လည်ပဲ။ အခု အုတ်မြစ်ချပြီးစီးတဲ့ အနေအထားဖြစ်နေပြီ။ ဒါကတော့ သူတို့လုံခြုံရေးအတွက် လုပ်နေတာမျိုးပဲပေါ့” ဟု ဆိုသည်။ ရဲကင်းစခန်းမှာ စက်ရုံစုရပ်ကွက် မီးလောင်ပြင်ကွင်းတွင် တည်ရှိပြီး အဆိုပါကွင်းပြင်တွင် လူနေအိမ်များ ထောင်နှင့်ချီရှိသည်။ ရဲကင်းစခန်းအား အုတ်တံတိုင်းကာရံနိုင်ရန်အတွက် စခန်းနောက်ဘက်ရှိ လူနေအိမ် ၄၀ ကျော်ကို အတင်းအဓမ္မ ဖြိုဖျက်ဖယ်ရှားခဲ့ကြောင်း ရပ်ကွက်သူရပ်သွားများက ပြောသည်။ နေအိမ်ပါသွားသူတစ်ဦးက ” သူတို့ အုပ်ရံဖို့အတွက် […]