ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် သတ္တိရဲ့ ယနေ့ကျရောက်တဲ့ အသက် ၄၈ နှစ်ပြည့်မွေးနေ့ မုန့်ဟင်းခါး စတုဒိသာအလှူ လူအယောက် ၁၀၀ စာကို နိုဝင်ဘာ ၁၂ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျိုက္ကဆံဘုရားလမ်းနဲ့ သီရိခေမာ လမ်းထောင့်လမ်းပေါ်မှာ ပြုလုပ်ခဲ့ပါတယ်။ “ကျွန်တော်က အသက် ၄၈ နှစ်ပြည့် မွေးနေ့လေးပါ။ ဒီနှစ်မွေးနေ့လေးမှာ ထူးထူးခြားခြားလေး ဖြစ်အောင် စတုဒိသာ ကျွေးခဲ့တာပါ။ အလှူအတန်းလေး လုပ်ရလို့လည်း ပီတိဖြစ်ရပါတယ်။ ကိုယ့်တစ်နိုင်လေးပဲပေါ့။ လာရောက်သုံးဆောင် ကြသူတွေ တွေ့ရတော့ ပီတိဖြစ်ရပါတယ်။ အမက နေလို့သိပ်မကောင်းတော့ ညကအစောအိပ်သွားတော့ မွေးနေ့ လက်ဆောင်က ဘာမှမရတော့ဘူးလို့ တွေးထားတာ ည၁၂ နာရီ ထပြီး မွေးနေ့လက်ဆောင်ပေးလို့ပျော်ရပါတယ်” လို့ သရုပ်ဆောင် သတ္တိက […]
ဆော်ဒီအာရေးဘီးယားနိုင်ငံတွင် ကမ္ဘာ့အကြီးမားဆုံး အဆောက်အအုံကြီး ဆောက်လုပ်မှု တရားဝင် စတင်လိုက်ပြီ ဖြစ်သည်။ ဆော်ဒီအာရေးဘီးယား၏မြို့တော် ရီယာ့ဒ်တွင် တည်ရှိပြီး Mukaab ဟု အမည်ပေးထားသည့် အဆောက်အအုံကြီးကို ကန်ဒေါ်လာ ၅၀ ဘီလီယံအထိ အကုန်အကျခံ ဆောက်လုပ်သွားမည်ဖြစ်သည်။ ဆော်ဒီအာရေးဘီးယားနိုင်ငံတဝန်းတွင် အနာဂတ်ဆန်လှသော ဆောက်လုပ်ရေးစီမံကိန်း များစွာ အကောင်အထည်ဖော်နေရာ Mukaab လည်း အပါအဝင် ဖြစ်သည်။ (ဒေါ်လာ ၅၀ ဘီလီယံကုန်ကျမည့် Mukaab အဆောက်အအုံကြီး၏ သရုပ်ဖော်ဓာတ်ပုံ။ ဓာတ်ပုံ-flickr/ Salman Al-Mazini) ရီယာ့ဒ်၏ ကောင်းကင်မြင်ကွင်းကို ပြောင်းလဲစေမည့် Mukaab အဆောက်အအုံကြီးသည် အမြင့်ပေ ၁၃၀၀၊ အကျယ် ပေ ၁၂၀၀ ရှိမည်ဖြစ်ရာ အမေရိကန်ပြည်ထောင်စုမှ Empire State အဆောက်အအုံကြီး အလုံး […]
နေပြည်တော်၊ အောက်တိုဘာ ၂၃ ဒုတိယအကြိမ် မြန်မာ-ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၂၂ ရက် နေ့လယ်ပိုင်းတွင် ရေတပ်လေ့ကျင့်ရေးဌာနချုပ်၊ သီရိမဟာဇေယျကျော်ထင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တပ်မတော်(ရေ)နှင့် ရုရှားရေတပ်မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာရုရှားစစ်သံမှူးနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ ကြသည်။ ဖွင့်ပွဲအခမ်းအနားအပြီးတွင် အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခြင်းများ ဆောင်ရွက်ခဲ့ သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ဒုတိယအကြိမ် မြန်မာ-ရုရှား နှစ်နိုင်ငံ ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေးခရီးလည်ပတ်ရန် ရောက်ရှိနေသော ရုရှားရေတပ် Russian Pacific Fleet မှ စစ်ရေယာဉ် ၄ စီးတို့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းမှ ပြန်လည်ထွက်ခွာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံဆိုင်ရာရုရှားစစ်သံမှူးနှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြသည်။ အဆိုပါစစ်ရေယာဉ်များရောက်ရှိနေစဉ်အတွင်း ရန်ကုန်မြို့ရှိ အထင်ကရနေရာ […]