ylliX - Online Advertising Network

ငြိမ်းချမ်းရေး ဆွေးနွေးမည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင် ဖိတ်ခေါ်၊ ဆွေးနွေးမည်ဟု TNLA တုန့်ပြန် – သျှမ်းသံတော်ဆင့်

နိုင်ငံတဝှမ်း အရပ်ဘက် ပစ်မှတ်များကို ရက်ရက်စက်စက် ဗုံးကြဲရန် အမိန့်ပေးနေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းရင်းသား လက်နက်ကိုင်များ ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်ရမည့် အချိန်ဖြစ်သည်ဟု ယနေ့ (နိုဝင်ဘာလ ၂၅ ရက်) တွင် ကျရောက်သည့် အမျိုးသားနေ့ မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုသည်။ “ယခုအချိန်သည် တိုင်းရင်းသား ညီအစ်ကို မောင်နှမ အချင်းချင်း ယုံမှားသံသယ ကင်းရှင်းပြီး မလိုလားအပ်သည့် အယူဝါဒများ ပယ်ဖျောက်ကာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ယုံကြည်လေးစား ချစ်ခင်မှုများဖြင့် ပါဝင်လက်တွဲ၍ ထာဝရ ငြိမ်းချမ်းရေးတည်ဆောက်ရမည့် အချိန်ဖြစ်သည်” ဟု ၎င်းကဆိုသည်။ ထို့အပြင်“တိုင်းရင်းသား အချင်းချင်း အပြန်အလှန်လေးစားခြင်း၊ နားလည်စာနာခြင်းတို့ဖြင့် တစ်ဦးနှင့် တစ်ဦးအကြား ပူးပေါင်းဆောင်ရွက်မှုများ ဖြစ်ပေါ်စေပြီး နားလည်မှု လွဲမှားခြင်းနှင့် ပဋိပက္ခများ […]

NCA ၉ နှစ်မြောက်ကာလနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနိုင်မယ့် အလားအလာ၊ တရုတ်နိုင်ငံနဲ့ ပိုပြီးနီးကပ်လာတဲ့ စစ်ကောင်စီ

(မိုးမခ) အောက်တိုဘာ ၁၆၊ ၂၀၂၄⁨⁨⁨⁨⁨⁨ NCA ၉ နှစ်မြောက်ကာလနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနိုင်မယ့် အလားအလာ၊ တရုတ်နိုင်ငံနဲ့ ပိုပြီးနီးကပ်လာတဲ့ စစ်ကောင်စီ အောက်တိုဘာ ၁၅ ရက်နေ့ဟာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးတဲ့ ၉ နှစ်မြောက်နေ့ ဖြစ်ပြီး စစ်ကောင်စီက နေပြည်တော်မှာ ကျင်းပတဲ့ နှစ်ပတ်လည် အခမ်းအနားမှာ စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က NCA နဲ့ ဆက်နွယ်ပြီး လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေကို ပြောဆိုခဲ့ပါတယ်။ ဒီလို ပြောဆိုရာမှာ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့ လက်မှတ်ရေးထိုးခဲ့တဲ့ NCA စာချုပ်ကို EAO လို့ အတိုကောက်ခေါ်ဆိုတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အကြိမ်ကြိမ် […]