ylliX - Online Advertising Network

စီးပွားရေး ချွတ်ခြုံကျနေချိန် စစ်စရိတ် ကျပ်ဘီလျံ ၄၁,၀၀၀ ကျော် သုံးစွဲခြင်းရဲ့ ဂယက်

(မိုးမခ) နိုဝင်ဘာ ၂၄၊ ၂၀၂၄⁨⁨⁨⁨⁨⁨ စီးပွားရေး ချွတ်ခြုံကျနေချိန် စစ်စရိတ် ကျပ်ဘီလျံ ၄၁,၀၀၀ ကျော် သုံးစွဲခြင်းရဲ့ ဂယက် နိုင်ငံတဝှမ်းဖြစ်ပွားနေတဲ့ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်း အသီးသီးမှာ ထုတ်လုပ်မှု ကျဆင်းချိန် တနိုင်ငံလုံးရဲ့ အသားတင်ထုတ်လုပ်မှုတွေ ကျဆင်းနေချိန်မှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီရဲ့ တနှစ်တာ စစ်အသုံးစရိတ်ဘတ်ဂျက် ပမာဏက ကျပ် ဘီလျံ ၄သောင်း ၁ ထောင်အထိ တိုးမြင့်လာခဲ့တယ်လို့ သတင်းဖေါ်ပြချက်တွေအရ သိရပါတယ်။  အခုလို ဘတ်ဂျက်အသုံးစရိတ်တွေကို အသေးစိတ် တရားဝင် မထုတ်ပြန်သော်လည်း အချို့အစည်းအဝေးတွေမှာ ပြောဆိုထားချက်တွေအရ သိရှိရတဲ့ သဘောလို့လည်း သတင်းဌာနတွေက ဖေါ်ပြထားကြပါတယ်။  ယခင်နှစ်က ကျပ် ဘီလျံ ၃ သောင်းကျော် သုံးစွဲခဲ့တယ်လို့ ဘီဘီစီ […]

စစ်ခေါင်းဆောင်နှင့် ထိုင်းဝန်ကြီးချုပ်တွေ့ဆုံမှု ဂယက် – Dawei Watch

စစ်အာဏာသိမ်းထားသော စစ်ကောင်စီအဖွဲ့ကို နိုင်ငံတကာအများစုက အသိအမှတ်မပြုသကဲ့သို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုလည်း အာဆီယံအစည်းအဝေးကဲ့သို့ နိုင်ငံတကာ အစည်းအဝေး အခမ်းအနားများကို တက်ရောက်ခွင့် ပိတ်ပင်ထားခဲ့သည်။ အာဏာသိမ်းပြီး လေးနှစ်အကြာ မဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံတစ်ခုတွင် အလှည့်ကျပြုလုပ်နေသော ထိပ်သီးအစည်းအဝေးတစ်ခုသို့ စစ်ကောင်စီခေါင်းဆောင် တက်ရောက်ခွင့်ရရှိခဲ့သည်။ အဌမအကြိမ်မြောက် မဲခေါင်ဒေသ ထိပ်သီးအစည်းအဝေးကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ကူမင်းမြို့တွင် ကျင်းပပြုလုပ်နေပြီး စစ်ကောင်စီခေါင်းဆောင်က အစည်းအဝေး တက်ရောက်နိုင်ရုံမက ဒေသတွင်း နိုင်ငံများဖြစ်သော တရုတ်၊ ထိုင်းနှင့် ကမ္ဘောဒီးယား ထိပ်သီးခေါင်းဆောင်များနှင့်ပါ သီးခြားတွေ့ဆုံခွင့် ရရှိခဲ့သည်။ စစ်ကောင်စီခေါင်းဆောင်က သက်ဆင်သမီးဖြစ်သူ ထိုင်းဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ်နှင့် နိုဝင်ဘာ ၇ ရက်နေ့ကတွေ့ဆုံခွင့်ရရှိခဲ့ပြီး ရွေးကောက်ပွဲကို စည်းရုံခဲ့ရာ ထိုင်းဝန်ကြီးချုပ်က ထောက်ခံခဲ့ကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။ ဘာတွေ ဆွေးနွေးခဲ့လဲ နှစ်နိုင်ငံတွေ့ဆုံချိန်တွင် […]